ပရိသတ်ကြီးရေ မင်းသမီးချောလေး ဆောင်းယွန်းစံကတော့ အနုပညာနယ်ပယ်မှာ သရုပ်ဆောင်ကောင်းတစ်ယောက်အနေနဲ့ အကောင်းဆုံးလျှောက်လှမ်းနေတဲ့ သူပဲဖြစ်ပါတယ်။ သူမဟာ တမူထူးခြားတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားပြီး ရင်ခုန်စရာအပြုံးလေးတွေနဲ့ ချစ်စရာကောင်းသူလေးပဲဖြစ်ပါတယ်။ ဆောင်းယွန်းစံက လူငယ်တစ်ယောက်ဖြစ်ပေမယ့် ဘာသာတရားကိုင်းရှိုင်းပြီး အလှူအတန်းတွေကိုလည်း တတ်နိုင်သလောက် လှူဒါန်းပေးတာကိုလည်း တွေ့ရပါတယ်။

Photo Credit - Saung Yoon San fb account
Photo Credit - Saung Yoon San fb account

ယခုမှာဆိုရင်လည်း ဆောင်းယွန်းစံက လတ်တလော ကူးစက်ပြန့်ပွားနေတဲ့ ကပ်ရောဂါတိုက်ဖျက်ရေးအချိန်ကာလလေးမှာ ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းတွေကို ကူညီပေးနေတဲ့ ပရဟီတ အသင်းတွေရဲ့ လူနာတင်ယာဥ်မလုံလောက်မှုကို တတ်နိုင်သလောက် ကူညီလှူဒါန်းပေးဖို့အတွက် သူမရဲ့ မြန်မာဝတ်စုံလေးတွေကို ရောင်ပြီး ရတဲ့အမြတ်ငွေလေးတွေနဲ့ လူနာတင်ယာဥ်ဝယ်လှူဖို့ အစီအစဉ် လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြလာခဲ့ပါတယ်။ ဆောင်းယွန်းစံ က" Hello Everyone လူနာတင်ယာဉ်ဝယ်ဖို့အတွက် ဆောင်းက ရန်ပုံငွေရှာပါမယ် .....ဆောင်းရဲ့ မြန်မာဝတ်စုံလေးတွေကို ၁၀၀၀၀/၁၅၀၀၀ လောက်နဲ့ ရောင်းပေးပါမယ် ..(ဒီဇိုင်နာတွေ ချုပ်ထားတဲ့လက်ရာလေးတွေပါ)

Photo Credit - Saung Yoon San fb account
Photo Credit - Saung Yoon San fb account

တချို့အင်္ကျီလေးတွေကိုလည်း ၃၀၀၀/၅၀၀၀ လောက်နဲ့ရောင်းပေးပါမယ် .. ရတဲ့အမြတ်ငွေတွေကို လူနာတင်ယာဉ်အတွက် အကုန်လှူမှာပါ.. ဆောင်းကို လက်ဆောင်ပေးထားတဲ့ ဒီဇိုင်နာ မမတို့လည်း ကျေနပ်မယ်ထင်ပါတယ် .. ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် လူနာတင်ယာဉ် တစ်စီးရအောင်ဆောင်း ကြိုးစားပါ့မယ်.....ဆောင်းနဲ့တူတူ လှူဒါန်းချင်တယ်ဆိုရင် ငွေတစ်ထောင်က စပြီး လှူဒါန်းနိုင်ပါတယ် ...ငွေတစ်ထောင်နဲ့ လူနာတင်ကားလေးကို အားလုံးစုပေါင်းအားနဲ့ လှူရအောင်နော်.." ဆိုပြီး ရေးသားထားပါတယ်။ ကဲ...ချစ်ပရိသတ်တွေ မွန်မြတ်တဲ့စိတ်ထားလေးကြောင့် လူနာတင်ယာဥ်အမြန်ဆုံးရပါစေလို့ ဆောင်းယွန်းစံ လေးကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်.....။

Photo Credit - Saung Yoon San fb account
Photo Credit - Saung Yoon San fb account

Photo Credit - Saung Yoon San fb account

Source - Saung Yoon San fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။