Assassins တွေဟာဆိုရင် သွေးနည်းပြီး Damage များများထွက်ရှိတဲ့ Role ပဲဖြစ်ပါတယ်။ ဂိမ်းကစားသူအနေနဲ့ဆိုရင် Fighter တွေလိုမျိုး Assassins တွေကို အရှေ့ကနေဝင်ဝင်ပြီးတော့ မခုတ်သင့်ပါဘူး။ လစ်ရင်လစ်သလို ဝင်တိုက်ရတာဖြစ်တာမို့ သူတို့ကို ကောက်စားလို့ပြောချင်ကောင်းပြောမိနိုင်မယ်။ ဒါပေမဲ့ သူတို့က ကောင်းစားတာပဲမဟုတ်ပဲ အသင်းကမသတ်နိုင်တဲ့ကောင်တွေကိုလိုက်သတ်ပေးနေတာပါ။ အဲ့ထဲမှာ Karina ကအမိုက်ဆုံးလို့ပဲပြောရမလား။  Karina ဟာလဲ  ခုချိန်မှာလူကိုင်နည်းပြီး Player တွေကလဲ Revampဖို့ Voting အများဆုံးပေးခဲ့ကြပါတယ်

Skill 1 ကတော့ အနည်းငယ်ကိုဖျော့သွားပြီး အဲ့ချိန်မှာခုတ်ရင် Damage လဲပိုထိသလို ကိုယ်ပျောက်နေတုန်း ကိုယ့်ကို ဘာ Basic Damage မထိစေပါဘူး။ ရွှေ့လျားနှုန်းလဲမြန်စေတာမို့ ထွက်ပြေးတဲ့အခါဖြစ်ဖြစ် လိုက်သတ်တဲ့အခါဖြစ်ဖြစ် သုံးလို့ကောင်းပါတယ်။ Skill 2 ကတော့ AOE Damage ပေးနိုင်ကာ Passive ကိုလဲအမြန်ရစေတာမို့ အဓိကကျပါတယ်။ Ultimate ကတော့ သင်ချိန်ထားတဲ့ရန်သူဆိကို ပြေးဝင်သွားကာ Damage တော်တော်ဘေးထိစေပါတယ်။ တကယ်လို့ရန်သူကသေရင်ပဲဖြစ်ဖြစ် သင်ကသေအောင်ကူညီသည်ဖြစ်ဖြစ် Skill က CD လျော့ချပေးမှာဖြစ်ပါတယ်။  

Passive ကတော့ ၂ချက်ခုတ်ပြီးတိုင်း ရန်သူကို True Damage ပေးတာမို့ တော်တော်လေးမိုက်ပါတယ်။ Battle ဆိုင်ရင် အရှေ့ဆုံးကနေမဝင်ပဲ နောက်ကနေချောင်းကာ Ulti နဲ့ Damage ပေးနေတဲ့ရန်သူကို ပြေးထိုးကာ Skill 2 လှည့်ပြီး 1 သုံးပါ။ ရန်သူအနေနဲ့ သေဖို့များပါတယ်။ Karina က ကောင်းကောင်းကိုင်တက်ရင် Savage ရဖို့ တော်တော်များပါတယ်။

သတင်းအရင်းမြစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။