ပရိသတ်ကြီးရေ အကယ်ဒမီချောရတနာကတော့ အရမ်းဆော့တဲ့ကလေးနှစ်ယောက်ကြောင့် တစ်နေ့တစ်နေ့ မပျင်းရပါဘူးနော်။ကောင်းသုတကျော်နဲ့CoCoလေးတို့မောင်နှမကလည်း မေမေ့ရဲ့အနုပညာသွေးတွေစီးဆင်းနေတာကြောင့် သီချင်းဖွင့်ပြီးတော့လည်း ကတတ်ပါသေးတယ်။မေမေချောရတနာကတော့ ယခုStay homeကာလမှာ မိသားစုလေးနဲ့အတူ အေးချမ်းပျော်ရွှင်စွာနေထိုင်နေတာဖြစ်ပါတယ်။
ချောရတနာကလည်း အိမ်ရှင်မကောင်းတစ်ယောက်ပီသပြီး ချစ်ခင်ပွန်းနဲ့ကလေးတွေကို လိုလေသေးမရှိအောင် ဂရုစိုက်ပေးပါတယ်။ပရိသတ်တွေကတော့ ချောရတနာရဲ့သားသမီးနှစ်ယောက်လုံးကို ချစ်ကြလို့ သူတို့ရဲ့လှုပ်ရှားမှုလေးတွေကို အမြဲစောင့်ကြည့်နေကြတာဖြစ်ပါတယ်။CoCoလေးကလည်း အငယ်ဆုံးလေးဖြစ်သလို အတတ်ဆုံးလေး၊အချွဲဆုံးလေးဖြစ်လို့ လူချစ်လူခင်ပေါများနေတာဖြစ်ပါတယ်။
အခုဆိုရင်လည်း CoCoလေးက ဂီတာကို သေသေချာချာကိုင်ပြီး တီးနေတာဖြစ်ပါတယ်။CoCoလေးကတော့ အနုပညာပိုးလေးပါပြီး သီချင်းတွေကို အရမ်းနှစ်သက်တဲ့သူလေးဖြစ်ပါတယ်နော်။မေမေချောရတနာကတော့ ဂီတာတီးနေတဲ့ CoCoလေးကို ဗီဒီယို သေသေချာချာရိုက်ထားပြီး ချစ်ပရိသတ်ကြီးအတွက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေလာခဲ့တာဖြစ်ပါတယ်။
Photo Credit:Chaw Yadanar's Facebook account
Source& Video Credit:Chaw Yadanar's Facebook account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။