ပရိသတ်ကြီးရေ Modelသန္တာလှိုင်ကတော့ အနုပညာအလုပ်တွေကို ယနေ့အချိန်ထိတိုင်လုပ်ဆောင်နေဆဲဖြစ်ပြီး ဟိုးအရင်တုန်းကအတိုင်း နုပျိုလှပနေဆဲဖြစ်ပါတယ်။သန္တာလှိုင်က လေ့ကျင့်ခန်းကိုလည်း အမြဲပုံမှန်လုပ်ဆောင်တာကြောင့် သူမရဲ့ခန္ဓာကိုယ်လေးက ကျစ်လစ်လှပပြီး အမြဲဆွဲဆောင်မှုရှိနေတာပါနော်။သန္တာလှိုင်ကလည်း အမျိုးသမီးထုကြီးအတွက် သူမသိသမျှအလှအပနည်းလမ်းတွေကို မျှဝေနေကျဖြစ်ပါတယ်။

Photo Credit:Thandar Hlaing သန္တာလှိုင် Facebook page
Photo Credit:Thandar Hlaing သန္တာလှိုင် Facebook page
Photo Credit:Thandar Hlaing သန္တာလှိုင် Facebook page

အခုဆိုရင်တော့ သန္တာလှိုင်က"ကျွန်မကိုကြည့်လိုက်ရင် အမြဲ လန်းဆန်းတက်ကြွပြီး ချွတ်ယွင်းချက်မရှိ စိတ်သွားတိုင်းကိုယ်ပါနေတယ်လို့ ထင်ကြရင် မှားသွားပါလိမ့်မယ်။ ကျွန်မ တကယ်ဝါသနာပါတာက စာရေးတာ စာဖတ်တာ... မျိုးရိုးအရ ငယ်ကတည်းက ပါလာတဲ့ ဂေါက်ရောဂါကြောင့် လက်ချောင်းလေးတွေက စာကြာကြာရေးရင် အံသေပြီး ၂မျက်နှာထက် ပိုမရေးနိုင်၊ စာအကြာကြီး ဖတ်ဖို့ကျတော့လည်း မျက်စိတွေက မကောင်း...."

Photo Credit:Thandar Hlaing သန္တာလှိုင် Facebook page
Photo Credit:Thandar Hlaing သန္တာလှိုင် Facebook page

"အဲဒီတော့ လုပ်နိုင်လို့ရတဲ့ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေလည်း ဖိပြီး လေ့ကျင့်ခန်းလုပ်လို့ ၄၃ နှစ်ဆိုတဲ့အရွယ်နဲ့ မလိုက်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပေမယ့်လည်း ဖြူနေတာကို အုပ်ဆိုးထားတဲ့ ဆံပင်နဲ့ စိတ်သွားတိုင်း မပါနိုင်တဲ့ မျက်စိတွေနဲ့ လက်ချောင်းလေးတွေတော့ ရှိနေပါသေးတယ်ဆိုတာ မျှဝေပါရစေ.... အခုတော့ စန္ဒယားပြန်တီးမယ်။ ပန်းချီဆွဲနိုင်သေးတော့ ထပ်ဆွဲအုံးမယ်...."ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Thandar Hlaing သန္တာလှိုင် Facebook page
Photo Credit:Thandar Hlaing သန္တာလှိုင် Facebook page
Photo Credit:Thandar Hlaing သန္တာလှိုင် Facebook page

Source&Photo Credit:Thandar Hlaing သန္တာလှိုင် Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။