ML Player တွေတော်တော်များများသိကြတဲ့အတိုင်း Aldous ဟာဆိုရင် ထွက်ရှိလာကတည်းက Late Game ဆိုရင် ကြမ်းနေတဲ့ Hero တစ်ယောက်ဖြစ်ပါတယ်။ Mage တို့ Assassin တို့ Marksman တို့ကို တစ်ကောင်နှစ်ချက်၃ချက်လောက်နဲ့ထုသတ်လို့ရပါတယ်။ ဒါကြောင့်ပဲ ခုချိန်မှာ Player တွေတော်တော်များများဟာ Aldous ကို Ban နေကြပါတယ်။ တကယ်လို့ မ Ban ပဲပါလာရင်လဲ ဘယ်လို Counter ထောက်ရမလဲဆိုတာကို အောက်မှာဖော်ပြလိုက်ပါတယ်။ 

Aldous ပါလာပြီဆိုရင် ကိုယ့်အနေနဲ့ Early Game မှာ သူ့ကို Stack တွေမရအောင် နှိမ်နိုင်တဲ့ Hero တစ်ယောက်လောက်ပါရပါမယ်။ ဒါမှမဟုတ်လဲ Early Game မှာ သူ့ကို ခဏခဏသေအောင်သတ်နိုင်တဲ့ Selena တို့လို Hero တွေပါရင်အဆင်ပြေပါတယ်။ Mage တော်တော်များများကတော့သူ့ကို Early Game မှာနှိမ်လို့ရပါတယ်။ 

Late Game ရောက်ပြီဆိုရင်တော့ Marksman အနေနဲ့ Wind Of Nature ( Fighter တွေလဲလိုရင်ဆက်လို့ရပါတယ်) , Mage တွေအတွက် Winter Trucheon , Tank နဲ့ Fighter တွေအတွက် Twilight Armor တို့ဆက်ပြီး ပြန်ချလို့ရပါတယ်။ Item တွေသိပြီဆိုတော့ သူပါလာရင် ဘယ်လို Counter ရမလဲဆိုတာလဲ သိရှိလောက်ပြီထင်ပါတယ်။ Late Game မှာမထိန်းနိုင်လောက်ဘူးထင်ရင် Early Game ထဲက အပြတ်ဖျက်ပါ။  

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။