ချစ်ရတဲ့ ပရိသတ်ကြီးရေ...ရှေးရေစက် ကာရိုက်တာလေးနဲ့ ပရိသတ်ရင်ထဲ ဝင်ရောက်ခဲ့တဲ့ ခန့်ကတော့ အောင်မြင်မှုအသင့်အတင့်ရရှိထားတဲ့ တက်သစ်စ အနုပညာရှင်လေးပဲ ဖြစ်ပါတယ်။ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်လေ့ရှိတဲ့ ခန့်ကို ပရိသတ်တွေက အားပေးချစ်ခင်နေတာပါနော်။ လက်ရှိမှာလည်း ခန့်က ကြော်ငြာလေးတွေကို လက်ခံရိုက်ကူးပေးနေတာလည်း တွေ့ရပါတယ်။
ဒါ့အပြင် photo shooting လေးတွေကိုလည်း ရိုက်ကူးလေ့ရှိတဲ့ ခန့်ရဲ့ အလှပုံရိပ်လေးတွေက ပုရိသပရိသတ်တွေကို အချစ်ပိုစေတာဖြစ်ပြီး မကြာခဏဆိုသလို သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိသူပဲဖြစ်ပါတယ်။ Stay home ကာလမှာတော့ ခန့်က အိမ်မှာနေရင်း Tiktok ဗီဒီယိုလေးတွေကို ရိုက်ကူးလေ့ရှိနေတာဖြစ်ပြီး ပုံရိပ်လေးတွေကိုလည်း တင်ပေးလာတာပါ။
ယနေ့မှာတော့ ခန့်က " အိမ်ထဲမှာပဲနေဆိုလို့ အိမ်ထဲမှာပဲနေနေပါတယ်နော် " ဆိုတဲ့ စာသားလေးအပြင် အသည်းယားစရာကောင်းတဲ့ ပုံလေးတွေကို တင်ပေးလာတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ပြီး အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ ကဲ...ချစ်ပရိသတ်တွေကလည်း ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်..... ။
Photo credit - Khant's Facebook Page
Source - Khant's Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။