ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားပြီး ချစ်စရာသမီးလေးတွေနဲ့အတူ ကြည်နူးစရာမိသားစုဘဝလေး ပိုင်ဆိုင်ဖြတ်သန်းနေတဲ့ မင်းသမီးချောချစ်သူဝေကတော့ လှူဒါန်းမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်နော်..။

"ခေတ်သစ်ဖောင်ဒေးရှင်း" ကို တည်ထောင်ထားပြီး (၇)ရက်သားသမီး အလှူရှင်တွေနဲ့အတူ Covid ကာလအတွင်း လှူဒါန်းမှုတွေ ဆက်တိုက်ပြုလုပ်နေတာပဲ ဖြစ်ပါတယ်..။

Photo Credit - Chit Thu Wai's Fb Account
Photo Credit - Chit Thu Wai's Fb Account

အခုတစ်ခါမှာလည်း ချစ်သုဝေတစ်ယောက် သူမတို့ရဲ့ "ခေတ်သစ်ဖောင်ဒေးရှင်း" ဟာ Clean Yangon နဲ့ ပူးပေါင်းပြီး covid ကာလအတွင်း ခက်ခဲနေကြတဲ့ သီလရှင်ဆရာလေးတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်ဦးမှာပါနော်..။

Covid ကာလအတွင်း ဆွမ်းဆန်ခံခြင်း မပြုလုပ်ရလို့ အခက်အခဲဖြစ်နေကြတဲ့ ရန်ကုန်မြို့အတွင်းရှိ သီလရှင်စာသင်တိုက် (၂၅)တိုက်ကို ဆန်၊ ဆီ၊ ကြက်သွန်အဖြူ/အနီ၊ ပဲ၊ ကြက်ဥ အစရှိသည့် စားသောက်ကုန်များအား သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ်နော်..။

Photo Credit - Chit Thu Wai's Fb Account
Photo Credit - Chit Thu Wai's Fb Account

"ကာလဒါနအလှူ

သီလရှင်ဆရာကြီး/ဆရာလေးများအနေဖြင့် COVID-19 ကာလအတွင်း ဆွမ်းဆန်ခံခြင်းမပြုလုပ်ရသဖြင့် ဆွမ်းဆန်အခက်အခဲဖြစ်ပေါ်လျှက်ရှိနေကြပါတယ်။

ဒီအခက်အခဲကို ပြေလည်စေဖို့အတွက်

ခေတ်သစ်ဖောင်ဒေးရှင်းနှင့် Clean Yangon တို့ပူးပေါင်း၍ ရန်ကုန်မြို့တွင်းရှိ သီလရှင်စာသင်တိုက် (၂၅) တိုက်အား ဆန်၊ ဆီ၊ ကြက်သွန်အဖြူ/အနီ၊ ပဲ၊ ကြက်ဥ အစရှိသည့် စားသောက်ကုန်များအား သွားရောက်လှူဒါန်းမည်ဖြစ်ပါတယ်။

မိမိတို့နှင့်အတူ နည်းများမဆို ကုသိုလ်ပါဝင်နိုင်ပါပြီ။.." ဆိုပြီး သူမတို့ရဲ့အလှူလေးကို ဝေမျှထားတာ ဖြစ်ပါတယ်နော်..။

ကြည်နူးပီတိဖြစ်စရာအလှူလေးကိုလည်း ပရိသတ်တွေက သဘောကျနေကြပြီး သာဓုခေါ်ဆုတောင်းစကားလေးတွေလည်း ပြောထားကြတာလည်း တွေ့ရပါတယ်နော်..။

Photo Credit - Chit Thu Wai's Fb Account
Photo Credit - Chit Thu Wai's Fb Account

Source & Photo Credit - Chit Thu Wai's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။