Team Secret ကတော့ Ti9 အပြီးမှာ Midone ကို kick ပြီး MATUMBAMAN နဲ့ coach ဖြစ်သူ Heen တို့ကို ခေါ်ယူလိုက်ချိန်ကစပြီး အပြောင်းအလဲကြီး ပြောင်းလဲလာတယ်လို့ ဆိုရမှာပဲ။

Puppy အနေနဲ့ ဒီ line up နဲ့ သူကစားချင်တဲ့ ပုံစံကို စိတ်ကြိုက်ပုံဖော်လို့ရခဲ့ပြီး ဝင်ပြိုင်တဲ့ tournaments တွေတိုင်းမှာ performance တွေတော်တော်လေးကောင်းလာခဲ့တာကို တွေ့ရပါတယ်။

Hero draft ပိုင်းမှာထဲက Puppey နဲ့ Heen တို့ရဲ့ဦးနှာက်တွေက ပြိုင်ဘက်အသင်းထက် သာလွန်နေခဲ့ပြီး draft pick မှာထဲက အသာစီးရနေတတ်တာများပါတယ်။

ပွဲထဲရောက်ပြီဆိုရင်လည်း item builts တွေ map movements တွေ map control တွေ battle ဆိုင်ပုံတွေက အခြားသောအသင်းတွေထက် level တစ်ခုပို့မြင့်နေသလို ဖြစ်နေပြီး လက်ရှိ Europe နဲ့ CIS region မှာ Team Secret ကို ယှဥ်ပြိုင်နိုင်တဲ့ အသင်းမရှိသေးပါဘူး။

Team Secret အနေနဲ့ မနေ့က OGA Dota PIT S3: EU/CIS ရဲ့ grand final မှာလည်း Vp.Prodigy ကို 3:0 နဲ့အနိုင်ယူပြီး သူတို့ရဲ့ 8 ခုမြောက် Champion ဆုကို ရယူနိုင်ခဲ့ပါတယ်။

Team Secret grand final မှာ ပြိုင်ဘက်အသင်းကို 3:0 နဲ့အနိုင်ယူပြီး champion ဖြစ်ထားတဲ့ tournaments တွေကတော့

WePlay! Pushka League S1: Division 1

Gamers Without Borders 2020

OGA Dota PIT 2020 Online : EU/CIS

ESL One Birmingham 2020- Online: Europe & CIS

Blast Bounty Hunt 2020

BEYOND EPIC: Europe/CIS

OMEGA League :Europe Immortal Division

OGA Dota PIT S3: Europe/CIS

တို့ပဲ ဖြစ်ပါတယ်။

Team Secret လို ပြိုင်ပွဲ 8 ခုဆက်တိုက် grand final မှာ ပြိုင်ဘက်အသင်းကို 3:0 နဲ့အနိုင်ရရှိတဲ့ အသင်းမျိုး dota 2 histroy မှာ မရှိသေးပါဘူး။

ဒီပုံစံအတိုင်းလေးသာ ဆက်ထိန်းထားနိုင်မယ်ဆိုရင်တော့ လာမယ့် Ti ဟာ Team Secret အတွက် ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။

သို့ပေမယ့်လည်း Ti ရောက်ရင် အမြဲကြောင်ပျောက်တတ်တဲ့ Team Secret ရဲ့ ထုံးစံကလည်း ရှိနေသေးတာဆိုတော့ ဆက်လက်စောင့်ကြည့်သွားရမှာပါပဲ။

Myanmarload Esports. ..

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။