ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသမီးချော နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေ နည်းပါးသွားပေမယ့် မိသားစုနဲ့ စီးပွားရေးဘက်ကို အချိန်ပေးဖြစ်သလို ပရိသတ်တွေအတွက်လည်း မိသားစုလှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိသူပါ..။

မိသားစုပုံရိပ်လေးတွေနဲ့ ကြည်နူးအားကျစေသလို ရက်ရောလွန်းတဲ့ လှူဒါန်းမှုတွေနဲ့လည်း ပရိသတ်တွေကို သာဓုအကြိမ်ကြိမ်ခေါ်စေတဲ့ နန္ဒာလှိုင်တို့ မိသားစုလေးဟာ အခုဆိုလည်း Covid ရောဂါဆိုးကြီးကြောင့် Q ဝင်နေရတာမို့ ပရိသတ်တွေလည်း စိတ်ပူကာ စိတ်မကောင်းဖြစ်နေကြပါတယ်နော်..။

Photo Credit - Nandar Hlaing's Fb Account
Photo Credit - Nandar Hlaing's Fb Account

မောင်လေးဖြစ်သူ သရုပ်ဆောင်မောင်နဲ့ ညီမဖြစ်သူတို့ဟာ Positive ဖြစ်ပြီး Qစင်တာတွေကို ရောက်ရှိနေကြသလို Negative ဖြစ်တဲ့ ၁၀ နှစ်သားဝန်းကျင် ကလေးနှစ်ယောက်နဲ့ ၈၆ နှစ်အဖွားတို့ကလည်း Hotal Q အသီးသီးဝင်နေရသလို သူမကိုယ်တိုင်လည်း Home Q ဝင်နေကြတာပဲ ဖြစ်ပါတယ်နော်..။

အခုလို Q ဝင်နေရတဲ့အချိန်မှာ အားလုံးက စိတ်ပူနေကြသလို အားပေးစကားလေးတွေလည်း ပြောထားကြပြီး နန္ဒာလှိုင်ကတော့ သူမတို့အားလုံး အဆင်ပြေကြတဲ့ အကြောင်းလေး ပရိသတ်တွေကို အသိပေးပြောပြလာပါတယ်နော်..။

Photo Credit - Nandar Hlaing's Fb Account
Photo Credit - Nandar Hlaing's Fb Account

"အားလုံးအဆင်ပြေကြပါတယ်.." ဆိုပြီး စိတ်ပူနေကြသူတွေအတွက် နန္ဒာလှိုင်က ပြောပြထားတာ ဖြစ်ပြီး အဆင်ပြေကြတဲ့အကြောင်းကို ပရိသတ်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကလည်း ဝမ်းသာနေကြပါတယ်နော်..။

ကဲ.. ပရိသတ်ကြီးရေ.. ဒီကနေ့လေးမှာတော့ Qဝင်နေရတဲ့ ပြည်သူချစ်မင်းသမီးချော နန္ဒာလှိုင်တို့ မိသားစုလေးရဲ့ ပုံရိပ်လေးတွေကို ဝေမျှရင်း မိသားစုတွေအားလုံး အမြန်ဆုံး ကျန်းမာနေကောင်းကြဖို့ ဆုတောင်းပေးလိုက်ပါတယ်နော်..။

Photo Credit - Nandar Hlaing's Fb Account
Photo Credit - Nandar Hlaing's Fb Account

Source & Photo Credit - Nandar Hlaing's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။