Tung Pang လို့ခေါ်တဲ့ အမျိုးသမီးလေးတစ်ယောက်ဟာ နိုင်ငံတော်တော်များများက bikers တွေကြားမှာ လူသိများလာတာကိုတွေ့ရပါတယ်။

သူမကတော့ ထိုင်းနိုင်ငံသူလေးတစ်ဦးဖြစ်ပြီး အသက်မွေးဝမ်းကြောင်းအနေနဲ့ professional make up artist တစ်ဦးအဖြစ်ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

Photo credit - Tung Pang Twitter
Photo credit - Tung Pang Twitter
Photo credit - Tung Pang Twitter

Tung Pang ကတော့ စက်ဘီးစီးတာကို ဝါသနာအရ လုပ်ကိုင်နေတာဖြစ်ပြီး အားလပ်ချိန်တွေနဲ့ ပွဲတွေရှိတိုင်းမှာလည်း အမြဲပါဝင်ဆင်နွှဲသူတစ်ဦးပဲ ဖြစ်ပါတယ်။

သူမရဲ့ စက်ဘီးမစီးရရင် မနေနနိုင်တဲ့စိတ်က သူမကိုတွန်းအား တစ်ခုလိုဖြစ်စေခဲ့ပြီး record တွေလည်း တစ်ခုပီးတစ်ခု တင်ထားနိုင်တဲ့ biker တစ်ဦးဖြစ်နေပြီပဲ ဖြစ်ပါတယ်။

Photo credit - Tung Pang Twitter
Photo credit - Tung Pang Twitter
Photo credit - Tung Pang Twitter

အဲ့ဒီလို စက်ဘီးစီးရင်းနဲ့ record တွေ တခုပီးတစ်ခု တင်ထားနိုင်တဲ့ Tung Pang ဟာ ချောမောလှပတဲ့သူမရဲ့ရုပ်ရည်လေးကြောင့်လည်း လူအများကအာရုံစိုက်လာပြီး အခြားနိုင်ငံတွေက သတင်းမီဒီယာတွေမှာပါ ဖော်ပြခံရသူ တစ်ဦးပဲ ဖြစ်ပါတယ်။

စက်ဘီးနဲ့အတူ တွဲမြင်ရတဲ့ သူမရဲ့ပုံရိပ်တွေဟာ နတ်သမီးလေးတစ်ပါးလို အရမ်းလှပလွန်းလှတယ်လို့လည်း လူအများက တင်စားကြပါသေးတယ်။

ပရိသတ်တွေ သိရှိနိုင်စေဖို့အတွက်လည်း Tung Paung ရဲ့အကြောင်းနဲ့ သူမရဲ့ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Photo credit - Tung Pang Twitter
Photo credit - Tung Pang Twitter
Photo credit - Tung Pang Twitter
Photo credit - Tung Pang Twitter

source - Tang Pang facebook and instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။