မင်းသမီးချောလေး နေခြည်ဦးကတော့ Beauty Blogger အဖြစ်ကနေ သရုပ်ဆောင်တစ်ဦးအဖြစ်ပါ အောင်မြင်စွာ လျှောက်လှမ်းလာနိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဝေဖန်တိုက်ခိုက်မှုတွေကြားကနေ နာမည်ရအောင်ကြိုးစားခဲ့တဲ့ နေခြည်ဦးက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေမနားတမ်းရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ် ။ ပရိသတ်တွေကလည်း အလုပ်ကြိုးစားတဲ့ နေခြည်ဦးကို အသိအမှတ်ပြုရင်း အားပေးချစ်ခင်နေကြတာလည်း ဖြစ်ပါတယ် ။

Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc

နေခြည်ဦးက စကားပြောပွင့်လင်းသလို လွတ်လပ်ပေါ့ပါးတဲ့ ပင်ကိုယ်စတိုင်လ်လေးနဲ့ နေထိုင်လေ့ရှိတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် ပျော်ပျော်နေတတ်တဲ့ နေခြည်ဦးက လတ်တလောမှာတော့ အိမ်မှာပဲနေပြီး Tik Tok ဗီဒီယိုလေးတွေကို ရိုက်ကူးနေတာ ဖြစ်ပါတယ် ။ အခုလည်း နေခြည်ဦးက သူမချစ်ရတဲ့ Chillies လေးတွေအတွက် ဗီဒီယိုအသစ်လေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ် ။

Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's Tik Tok Acc

နေခြည်ဦးကတော့ အိမ်နေရင်းပုံစံလေးနဲ့ပဲ ပျော်ပျော်ပါးပါး Tik Tok ကစားရင်း ကနေတာ ဖြစ်ပါတယ် ။ နာမည်ကြီးနေတဲ့သီချင်းလေးတွေနဲ့ အားရပါးရကပြထားတဲ့ နေခြည်ဦးက လုံးဝကို အလန်းစားဖြစ်လို့နေတာပဲ ဖြစ်ပါတယ် ။ ကဲ မြူးမြူးကြွကြွပုံစံလေးနဲ့ အပီအပြင်ကရင်း ရုပ်ပြောင်လေးတွေပါလုပ်ပြနေတဲ့ နေခြည်ဦးရဲ့ Tik Tok Video လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Nay Chi Oo's Tik Tok Acc

Photo Credit-Nay Chi Oo's Tik Tok Acc
@naychioo

Have u danced for today ?? ##fyp ##tiktokmyanmar ##foryoupage ##tiktokdance ##wrapmeinplastic

CHROMANCE – Wrap Me In Plastic
@naychioo

Leave your boyfriend ##fyp ##letslink ##foryoupage ##tiktokmyanmar ##tiktokdance ##naychioo

ets Link - WhoHeem

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။