Photo credit - hltv

Brazil နိုင်ငံသား cs:go player "ablej" ကတော့ သူ့အနေနဲ့ cs:go competition scene ကနေ အနားယူခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ablej ကတော့ လက်ရှိမှာ အသက် 21 နှစ်အရွယ်သာရှိသေးပြီး အနားယူတာ စောသေးတယ်လို့ ဆိုရမှာပါပဲ။

ablej အနေနဲ့လည်း ဒီကြေညာချက်ကို မထုတ်ပြန်ခင်မှာ FURIA Esports ရဲ့ streamer အဖြစ်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ablej အနေနဲ့ FURIA Esports ရဲ့ active roster ကနေ ထုတ်ပယ်ခံရပြီးနောက်မှာတော့ W7M Gaming ကို အငှားခနသွားရောက်ကစားပေးခဲ့ပြီး main အသင်း FURIA Esports ကိုပြန်ရောက်လာချိန်မှာတော့ streamer ဘဝကို ကူးပြောင်းခဲ့တာပဲ ဖြစ်ပါတယ်။

အခုလို အနားယူသွားခဲ့တာနဲ့ ပတ်သတ်ပြီး ablej ကတော့ သူ့အနေနဲ့ competition scene ကိုပြန်သွားဖို့ ယုံကြည်မှုတွေ ပြောက်ဆုံးနေပြီး သူ့ဘဝရဲ့ next chapter အသစ်ကို ရှာဖွေချင်တာကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ablej ရဲ့ အနာဂတ်က ဘယ်လိုတွေဖြစ်လာပြီး ဘယ်နေရာမှာ ပြန်မြင်ရမလဲဆိုတာကတော့ လက်ရှိအချိန်မှာ ဘယ်သူမှသေချာမသိနိုင်သေးပါဘူး။

Source - ablej twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။