နှစ်ထပ်ကွမ်းအကယ်ဒမီဆုရှင် ခိုင်သင်းကြည်ဟာဆိုရင် အနုပညာလောကမှာ ဝါရင့်မင်းသမီးတစ်လက်အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။ခိုင်သင်းကြည်ရဲ့အနုပညာသက်တမ်းကလည်း ဆယ်စုနှစ်ကျော်ရှိနေပြီဖြစ်လို့ သူမကိုအားပေးကြတဲ့ပရိသတ်တွေကလည်း အများအပြားပါပဲနော်။ခိုင်သင်းကြည်က သွက်သွက်လက်လက်နဲ့ ပွင့်လင်းရိုးသားတာကြောင့် ချစ်သူခင်သူတွေပေါများနေတာဖြစ်ပါတယ်။

Photo Credit: Khant Naing's Facebook Account
Photo Credit: Khant Naing's Facebook Account

မခိုင်လေးက သာယာအေးချမ်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး အမြဲပျော်ရွှင်နေရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။မခိုင်လေးတို့မိသားစုသုံးယောက်က စိတ်တူကိုယ်တူနဲ့ ချစ်ချစ်ခင်ခင်ရှိကြပါတယ်နော်။မခိုင်လေးရဲ့ သမီးချောလေး စံထိပ်ထားဦးကလည်း လိမ္မာရေးခြားရှိလို့ သမီးကောင်းရတနာလေးကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Photo Credit: Khant Naing's Facebook Account
Photo Credit:San Htate Htar Oo's Facebook Account
Photo Credit: Khant Naing's Facebook Account

ဒီနေ့လေးဟာဆိုရင်တော့ မခိုင်လေးရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပြီး ကိုခန့်နိုင်နဲ့ထိပ်ထိပ်လေးတို့က မနက်(၁၂)နာရီကတည်းက မွေးနေ့ပွဲလေးကျင်းပပေးခဲ့တာဖြစ်ပါတယ်။ထိပ်ထိပ်လေးကလည်း မေမေ့အတွက် Birthday Songလေးကို ဂီတာလေးကိုယ်တိုင်တီးပြီး ဆိုပေးနေတာဖြစ်ပါတယ်။ခင်ပွန်းနဲ့သမီးလေးကြောင့် စိတ်ကြည်နူးနေရတဲ့ မခိုင်လေးရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit: Khant Naing's Facebook Account
Photo Credit:Khine Thin Kyi's Facebook Account

Source&Photo Credit:Khine Thin Kyi&San Htate Htar Oo&Khant Naing's Facebook Account

Video Credit:Khine Thin Kyi's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။