ပရိသတ်ကြီးရေ မင်းသမီးချောလေး ပိုးအိအိခန့် ကတော့ အနုပညာနယ်ပယ်မှာ အောင်မြင်နေတဲ့ သရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားများစွာကို ပါဝင်သရုပ်ဆောင်ထားပြီး ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင် နေတုန်းပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိုးအိအိခန့် ဟာ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူနဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို မွေးထားပြီး တစ်နေ့တခြားဆိုသလို ပါးဖောင်းဖောင်းလေး နဲ့ ချစ်စရာကောင်းလာတာကိုတွေ့ရပါတယ်။ သူမရဲ့ သားလေးကိုတော့ အနုပညာမောင်နှတွေအပြင် ပရိသတ်တွေကပါ ချစ်အားပိုနေရတာဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဥ်အမျှ သားလေးရဲ့ ပုံလေးတွေအပြင် ချစ်စရာ ဗီဒီယို လေးတွေကိုလည်း ပရိသတ်အတွက် အမြဲမျှဝေပေးတာတွေ့ရပါတယ်။
ယခုမှာလည်း မေမေ ပိုးအိအိခန့် က သားလေးရဲ့ အသည်းယားစရာကောင်းတဲ့ ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။ ဒီဗီဒီယိုလေးထဲမှာတော့ သားလေးက မေမေပိုးအိအိခန့် ကို အနားကပ်ချွဲပြီး အနမ်းတွေပေးနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ပိုးအိအိခန့်သားလေးရဲ့ အသည်းယားစရာ ဗီဒီယိုလေးကို သဘောကျမယ်လို့မျှော်လင့် မိပါတယ်။
Photo Credit - Thwin Oo Han fb page & Amazing Grace
Video & Source - Thwin Oo Han fb page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။