ပရိသတ်ကြီးရေ မော်လ်ဒယ်သရုပ်ဆောင် ဘေဘီ မောင်ကတော့ အနုပညာနယ်ပယ်မှာ နေရာတစ်နေရာကို အခိုင်အမာ ရပ်တည်ထားတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ သူမဟာ ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဗီဒီယိုဇာတ်ကားများစွာကိုလည်း ပါဝင်သရုပ်ဆောင်ရင်း အောင်မြင်မှုတွေရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း ဘေဘီမောင် က အနုပညာအလုပ်တွေအပြင် ကိုင်ပိုင်စီးပွားရေး အလုပ်တွေကိုလည်း ကြိုးကြိုးစားစား နဲ့ လုပ်ကိုင်နေတာ တွေ့ရပါတယ်။
ဘေဘီမောင်ဟာ ပွင့်ပွင့်လင်းလင်းနေထိုင်တတ်သူဖြစ်ပြီး မိဘအပေါ်ကိုလည်းသိတတ်လိမ္မာတဲ့သမီးလေးဖြစ်ပါတယ်။ မကြာခဏဆိုသလို သူမရဲ့ နေ့စဥ်လှုပ်ရှားနေတဲ့ပုံရိပ်လေးတွေအပြင် အသည်းယားစရာ tik tok ဗီဒီယိုလေးတွေကိုလည ဖော်ပြပေးပါတယ်။ ယခုမှာလည်း ဘေဘီမောင်က မြင်သူတိုင်း ငေးမောသွားရလောက်မယ့် အလန်းစားပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။
ဒီပုံလေးတွေထဲမှာတော့ ဘေဘီမောင် က လွတ်လပ်ပေါ့ပါးတဲ့ အလန်းစားဖက်ရှင်ဝတ်စုံလေးကို ဝတ်ပြီး ဆွဲဆောင်မှုရှိတဲ့ အမူအရာလေးတွေနဲ့ အထာကျကျပို့စ်ပေးဓာတ်ဖမ်းထားတာဖြစ်ပါတယ်။ဒီပုံလေးတွေနဲ့လည်း ဘေဘီမောင်က " ကျွန်မကအရမ်းဆိုးတယ်နော် မင်းပြုပြင်ပေးမှရမယ့် ကောင်မလေးမျိုးလို့ဘယ်တော့မှပြောဘူး ကိုယ့်စိတ်နဲ့ကိုယ်အရာအားလုံးပြုပြင်ပြောင်းလဲပစ်နိုင်တဲ့ မိန်းမပဲဖြစ်ရမယ်လို့ခံယူထားတယ်" ဆိုတဲ့ caption လေးနဲ့ ရေးသားထားပါတယ်။ ကဲ.....ချစ်ပရိသတ်ကြီးရေ အလန်းစားပုံလေးတွေနဲ့ ရင်ခုန်အောင် ဖမ်းစားထားတဲ့ ဘေဘီမောင် ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။
Photo Credit- Baby Maung fb page
Source - Baby Maung fb page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။