ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသမီးချော ချစ်သုဝေကတော့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို ဆရာဝန်တစ်ယောက်အနေနဲ့လည်း ပြည်သူပရိသတ်တွေကိုလည်း ကြည့်ရှု့စောင့်ရှောက်နေသူလေးပါ..။

သမီးလေးတွေရဲ့ နာမည်နဲ့ "ခေတ်သစ်ဖောင်ဒေးရှင်း" ကိုလည်း တည်ထောင်ထားပြီး Covid လူနာတွေအတွက် ကူညီလှူဒါန်းမှုများ ဆက်တိုက်ပြုလုပ်နေတာလည်း တွေ့ရပါတယ်နော်..။

Photo Credit - Chit Thu Wai's Fb Page
Photo Credit - Chit Thu Wai's Fb Page
Photo Credit - Chit Thu Wai's Fb Page

အခုတစ်ခါမှာလည်း ချစ်သုဝေတို့ ခေတ်သစ်ဖောင်ဒေးရှင်းဟာ Covid လူနာတွေအတွက် အနောက်ပိုင်းဆေးရုံကို ယာယီရွက်ဖျင်တဲများ လှူဒါန်းခဲ့ပြန်ပါတယ်နော်..။

လှူဒါန်းမှုတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်နေသလို ဖောင်ဒေးရှင်းအဖွဲ့သားတွေနဲ့အတူ ကိုယ်တိုင်ကလည်း အပင်ပန်းခံကာ အင်တိုက်အားတိုက် ဖေးမကူညီမှုတွေ ပြုလုပ်နေတာလည်း ပရိသတ်တွေ မြင်တွေ့ရမှာပါနော်..။

Photo Credit - Chit Thu Wai's Fb Page
Photo Credit - Chit Thu Wai's Fb Page
Photo Credit - Chit Thu Wai's Fb Page

"လတ်တလောလို အပ်ချက်အရ အနောက်ပိုင်းဆေးရုံအတွင်း၌

ဖျားနာ၊ ချောင်းဆိုး၊ အနံပျောက် COVID-19 သံသယရှိလူနာတွေ (PUI) ကို Swab ယူပီး ဒီ Tent အတွင်းမှာ စောင့်ကြည့်လူနာများအဖြစ် ထားရှိမှာပဲဖြစ်ပါတယ်။

Tent အတွင်းမှာ စောင့်ကြည့်လူနာများအတွက် သက်တောင့်သက်သာရှိနိုင်မယ့် ရေ၊ မီး၊ Aircon နဲ့တကွ light partitionပါ အခန်း30 ပါဝင်ပြီး mobileအိမ်သာအစရှိသည်တို့လည်းပါဝင်တာ ဖြစ်ပါတယ် (2) လတာ ကာလဌါးရမ်းခ အပြီးအစီးကို ကျပ်သိန်း (၂၀၀) ကျသင့်ပါတယ်။ ဒီလို Tent မျိူး လေးလုံး စုစုပေါင်း သိန်း (၈၀၀) ကျပ်တိတိကို (၇) ရက်သားသမီးစေတနာရှင်များနဲ့ စုပေါင်းလှူဒါန်းသွားမှာပါ။

အခုဆို ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၊ သင်္ဃန်းကျွန်း၊ အင်းစိန်ဆေးရုံ နှင့် အနောက်ပိုင်းဆေးရုံသို့လှူဒါန်းပြီးဖြစ်ပါတယ်

ဆက်လက်၍လည်း ခေတ်သစ်ဖောင်ဒေးရှင်သို့ နည်းများမဆိုပါဝင်လှူဒါန်းနိုင်ပြီ။

ဆက်လက်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ လူနာများအတွက် စားသောက်ရေးအတွက်လည်း လှူဒါန်းချင်တာမို့ အလှူရှင်များအားလုံးကိုလည်း ထပ်မံနှိုးဆော်ပါရစေ။

ခေတ်သစ်ဖောင်ဒေးရှင်း ရဲ့ အလှူရှင်များအားလုံးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

အများအားနဲ့ နိုင်သလောက် ဝိုင်းဝန်းကူညီကြရအောင်.." ဆိုပြီးအလှူလေးကို ဝေမျှပြောပြထားပြီး တိုက်တွန်းစကားလေးလည်း ဆိုထားပါတယ်နော်..။

ချီးကျူးစရာ ပရဟိတစိတ်ထားတွေအပြည့်နဲ့ အခုလို ကပ်ရောဂါကာလကြီးမှာ မိသားစုတွေအပြင် ပြည်သူပရိသတ်တွေအတွက်လည်း အားကိုးနေရတဲ့ ပြည်သူချစ်မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Chit Thu Wai's Fb Page
Photo Credit - Chit Thu Wai's Fb Page
Photo Credit - Chit Thu Wai's Fb Page

Source & Photo Credit - Chit Thu Wai's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။