ပရိသတ်ကြီးရေ သွယ်လျကျစ်လျစ်တဲ့ သေးသေးသွယ်သွယ်ခန္ဓာကိုယ်လေးအပြင် ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေနဲ့ ယောကျာ်းလေးပရိသတ်တွေရဲ့ အသည်းတွေကိုဖမ်းစားထားနိုင်ခဲ့တဲ့ သူကတော့ မင်းသမီးချောလေး ခန့်ပဲဖြစ်ပါတယ်။ခန့်ဟာ MRTV-4 ရုပ်သံဇာတ်လမ်းတွဲထဲမှာပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝ ရရှိထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ အကောင်းဆုံး ကြိုးစားမှုတွေကြောင့် အနုပညာလောကမှာ အချိန်အတိုတွင်း ရပ်တည်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

Photo Credit - Khant Thiri Zaw fb account
Photo Credit - Khant Thiri Zaw fb account

ခန့်ဟာ မြန်မာဆန်ဆန်ဖက်ရှင် ဝတ်စုံလေးတွေနဲ့လည်း လိုက်ဖက်မှုရှိသလို ခေတ်ပေါ်ဖက်ရှင် လေးတွေနဲ့လည်း ချစ်စရာကောင်းအောင် ဝတ်ဆင်တတ်တာကို တွေ့ရပါတယ်။ ဒါ့အပြင် ခန့် ကတော့ နေ့စဉ် ဆိုသလို tik tok ဗီဒီယိုလေးတွေအပြင် သူမရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် အမြဲဖော်ပြပေးလေ့ရှိပါတယ်။ယခုတစ်ခါမှာလည်း ခန့်က မြင်သူတိုင်းငေးမောသွားလောက်မယ့် ရင်ခုန်စရာကောင်းတဲ့ tik tok ဗီဒီယိုလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Khant Thiri Zaw fb account
Photo Credit - Khant Thiri Zaw fb account

ဒီဗီဒီယိုလေးထဲမှာတော့ ခန့် က အလန်းစားဖက်ရှင်ဝတ်စုံလေးဝတ်ပြီး သီချင်းလေးရဲ့ တီးလုံးလေးအတိုင်း အသည်းယားစရာကောင်းအောင် ဆော့ကစားထားတာဖြစ်ပါတယ်။ ဒါ့အပြင် သူမဝတ်ဆင်ထားတဲ့ ဖက်ရှင်လေးနဲ့ ဘိုဆန်တဲ့ ဆံပင်လေးကလည်း လိုက်ဖက်ပြီး ချစ်စရာကောင်းလောက်ပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေး ဆွဲဆောင်မှုရှိတဲ့ အမူအရာလေးတွေ ဆော့ကစားထားတဲ့ ခန့်ရဲ့ tik tokဗီဒီယိုလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Video & Photo Credit - Khant Thiri Zaw fb account

Source - Khant Thiri Zaw fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။