ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေများစွာရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေး စိုးပြည့်သဇင်ကိုတော့ ပရိသတ်တွေအားလုံးချစ်ခင်ကြမှာပါနော်..။

သရုပ်ဆောင်ကောင်းပြီး ချစ်စရာလည်းကောင်းတဲ့ စိုးပြည့်လေးကတော့ အကယ်ဒမီထူးချွန်ဆုတွေကိုလည်း ပိုင်ဆိုင်ထားပြီး ဆွဲဆောင်မှုရှိကာ ရိုးရှင်းအေးချမ်းတဲ့အလှတရားတွေနဲ့လည်း အချစ်ပိုစေသူလေးပါပဲ..။

Photo Credit - Soe Pyae Thazin's Fb Page
Photo Credit - Soe Pyae Thazin's Fb Page

အနေအေးတဲ့ စိုးပြည့်လေးကတော့ ပြီးခဲ့တဲ့ ရက်ကိုင်းက ကျရောက်ခဲ့တဲ့ သူမရဲ့မွေးနေ့လေးအတွက် မွေးနေ့အလှူအဖြစ် We Love Fans လေးတွေနဲ့အတူ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်နော်..။

မွန်မြတ်တဲ့ မွေးနေ့အလှူလေးအဖြစ် COVID 19 ရောဂါကုသရေး ဧရာဝတီဖောင်ဒေးရှင်းမှာ အလှူငွေ (၁၀)သိန်း လှူဒါန်းကုသိုလ်ယူခဲ့တာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Soe Pyae Thazin's Fb Page
Photo Credit - Soe Pyae Thazin's Fb Page

"စိုးပြည့်ရဲ့ မွေးနေ့အလှူလေးအဖြစ်...စိုးပြည့်နဲ့ we love fans လေးများက...COVID 19 ရောဂါကုသရေး ဧရာဝတီဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့ပါတယ်ရှင်...

အားလုံးလည်း ဒီရောဂါကပ်ဘေးမှ အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေ.." ဆိုပြီး မျှဝေထားတာ ဖြစ်ပါတယ်နော်..။

စိုးပြည့်လေးရဲ့ မွေးနေ့အလှူလေးကိုလည်း ပရိသတ်တွေက သဘောကျနေကြပြီး သာဓုခေါ်ဆုတောင်းပေးထားကြတာလည်း ကြည်နူးပီတိဖြစ်စွာ မြင်တွေ့ရပါတယ်နော်..။

Photo Credit - Soe Pyae Thazin's Fb Page
Photo Credit - Soe Pyae Thazin's Fb Page

Source & Photo Credit - Soe Pyae Thazin's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။