ပရိသတ်ကြီးရေ.. သရုပ်ဆောင်ကျော်ကျော်ကတော့ သရုပ်ဆောင်ကောင်းတာကြောင့် ဇာတ်ကားတွေများစွာ ရိုက်ကူးထားသလို ရယ်စရာဟာသလေးတွေနဲ့ ပရိသတ်တွေကို အမြဲရယ်မောပျော်ရွှင်စေသူပဲ ဖြစ်ပါတယ်နော်..။

BFF သူငယ်ချင်းတွေဖြစ်ကြတဲ့ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦးတို့နဲ့လည်း တစ်ယောက်နဲ့တစ်ယောက် ဆေးထိုးစနောက်ကြကာ အခွီဗီဒီယိုလေးတွေ ရိုက်ကူးပြီး ပရိသတ်တွေကို အမြဲမျှဝေတတ်ကြပါတယ်နော်..။

Photo Credit - Kyaw Nyaing Oo's Fb Account
Photo Credit - Kyaw Nyaing Oo's Fb Account

အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်ကြတဲ့ သူတို့သူငယ်ချင်းတွေကတော့ အခုတစ်ခါမှာလည်း ကျော်ကျော်တစ်ယောက် covid လူနာတွေအတွက် ဧရာဝတီစင်တာမှာ လှူဒါန်းမှုတွေပြုလုပ်ခဲ့ပြန်ပါတယ်နော်..။

Covid လူနာတွေအတွက် ကုသမှုတွေပြုလုပ်ပေးနေတဲ့ ဧရာဝတီစင်တာကို အလှူငွေ (၄)သိန်းနဲ့ ရုပ်ရှင်အဖွ့ဲသားတွေအတွက် အလှူငွေ (၃)သိန်းကို လှူဒါန်းခဲ့တာ ဖြစ်ပြီး သူ့ရဲ့အလှူလေးကိုလည်း ပရိသတ်တွေကို ဝေမျှထားပါသေးတယ်..။

Photo Credit - Kyaw Nyaing Oo's Fb Account
Photo Credit - Kyaw Nyaing Oo's Fb Account

"ဒီနေ့တော့ ဧရာဝတီစင်တာမှာ လေးသိန်း ..

ကျနော့်ရဲ့ ရုပ်ရှင်အဖွဲ့သားတွေ အတွက် သုံးသိန်း

ထည့်ဝင်ကူညီခဲ့ပါတယ်.." ဆိုပြီး အလှူလေးကို ဝေမျှထားတာပါ..။

ကျော်ကျော်တို့ရဲ့အလှူလေးကိုတော့ ပရိသတ်တွေကလည်း သဘောကျနေကြတာဖြစ်ပြီး သာဓုခေါ်ဆုတောင်းစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်နော်..။

Photo Credit - Kyaw Nyaing Oo's Fb Account
Photo Credit - Kyaw Nyaing Oo's Fb Account

Source & Photo Credit - Kyaw Nyaing Oo's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။