ပရိသတ်ကြီးရေ အကယ်ဒမီနန္ဒာလှိုင်တို့မိသားစုကတော့ စည်းစည်းလုံးလုံးနဲ့ သိုက်သိုက်ဝန်းဝန်းရှိကြလို့ အရမ်းပျော်စရာကောင်းတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။လတ်တလောမှာဆိုရင်တော့ နန္ဒာလှိုင်တို့နေထိုင်တဲ့ အိမ်ကို Lockdownချထားတာဖြစ်ပါတယ်။နန္ဒာလှိုင်ရဲ့အငယ်ဆုံးမောင်လေး စိန်ဖြိုးလှိုင်မှာ Covid19 positiveတွေ့ရှိတာကြောင့် လတ်တလောမှာဆိုရင်တော့ နန္ဒာလှိုင်တို့မိသားစုလည်း အထူးဂရုစိုက်နေထိုင်နေကြတာဖြစ်ပါတယ်။

Photo Credit:Sein Phyo Hlaing's Facebook Account
Photo Credit:Sein Phyo Hlaing's Facebook Account

စိန်ဖြိုးလှိုင်ကတော့ ဧရာဝတီစင်တာမှာ Quarantineဝင်နေတာဖြစ်လို့ ပရိသတ်တွေနဲ့ မိတ်ဆွေ၊သူငယ်ချင်းတွေကလည်း အားပေးကြပါတယ်နော်။စိန်ဖြိုးလှိုင်က လက်ရှိအချိန်မှာ ကျန်းကျန်းမာမာနဲ့နေထိုင်နေပြီး သူ့ရဲ့အတွေ့အကြုံလေးတွေကိုလည်း မျှဝေနေတာဖြစ်ပါတယ်။အခုဆိုရင်တော့ စိန်ဖြိုးလှိုင်ရဲ့မိဘနှစ်ပါးက ကိုဗစ်အတွက် အလိုအပ်ဆုံးနေရာတွေကို (၁၀၅)သိန်းကျပ်တိတိလှူဒါန်းလိုက်တာဖြစ်ပါတယ်။

Photo Credit:Sein Phyo Hlaing's Facebook Account
Photo Credit:Sein Phyo Hlaing's Facebook Account
Photo Credit:Sein Phyo Hlaing's Facebook Account

စိန်ဖြိုးလှိုင်ကတော့"သားသမီးတွေ COVID နဲ့ဒုက္ခရောက်နေတဲ့အချိန်မှာ အမေက သူ ဒူးရင်းသီးရောင်းပြီးရှာထားတာတွေနဲ့ အလိုအပ်ဆုံးဖြစ်နေတဲ့နေရာတွေမှာ လှူမယ်ဆိုပြီး ဦးချိန်လှိုင် + ဒေါ်ခင်လှ မိသားစုအနေနဲ့

- တောင်ဥက္ကလာအမျိုးသမီးဆေးရုံ အတွက် သိန်း ၄၀

- ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဆေးကုသမှုဌာနအတွက် သိန်း ၄၀

- မရမ်းကုန်းမြို့နယ် ကိုဗစ်ထိန်းချုပ်ရေးကော်မတီအတွက် သိန်း ၂၀

- ကမာရွတ် မြို့နယ် ကိုဗစ်ထိန်းချုပ်ရေးကော်မတီအတွက် ၅ သိန်း

စုစုပေါင်း ၁၀၅ သိန်း တို့ကိုလှူဒါန်းလိုက်ပါတယ်။

သာဓုပါမေကြီးရေ။"ဆိုပြီး လှူဒါန်းမှုလေးကို ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Sein Phyo Hlaing's Facebook Account
Photo Credit:Sein Phyo Hlaing's Facebook Account

Source&Photo Credit:Sein Phyo Hlaing's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။