ဒီဇာတ်လမ်းလေးကတော့ အင်တာနက်ဆိုင်လေးတစ်ခုကနေစခဲ့တာပါ။ဂိမ်းကစားရတာကို ခုံမင်နှစ်သက်တဲ့ 9pasha အတွက် အိမ်က ကွန်ပျူတာလေးပျက်နေတော့ Interner Café လေးတစ်ခုကသာ သူ့ရဲ့အားကိုးရာလေးတစ်ခုပါပဲ။9pashaဟာ တနေ့သူဂိမ်းကစားနေတဲ့အချိန်လေးမှာပဲ Lidiya Lidasham လို့ခေါ်တဲ့အမျိုးသမီးလေးတစ်ဦးဟာ သူမရဲ့သူငယ်ချင်းတွေနဲ့အတူ Data အပျော်ကစားဖို့အတွက် ၎င်းအင်တာနက်ဆိုင်လေးကိုရောက်ရှိလာတာကိုသူတွေ့ရှိခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတို့ သူတို့နှစ်ယောက်ဟာ တစ်ဦးနဲ့တစ်ဦးမေတ္တာသက်ဝင်ပြီး ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။

Photo credit - 9pasha instagram
Photo credit - 9pasha instagram

သူတို့နှစ်ဦးချစ်သူဖြစ်တဲ့အချိန်မှာ 9pasha ဟာနာမည်ကြီးစပြုလာတဲ့ ကမ္ဘာ့အကောင်းဆုံး dota ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်နေပြီဖြစ်သလို သူဟာ ပြိုင်ပွဲတွေကစားဖို့အတွက် နိုင်ငံပေါင်းများစွာကို ခရီးတွေထွက်ခဲ့ရပါတယ်။ 9pasha ခရီးတွေထွက်ရတဲ့အချိန်တိုင်း သူ့ရဲ့ချစ်သူဖြစ်တဲ့ Lidiya ကတော့ သူ့မရဲ့အနားမှာပဲရှိနေစေချင်ပေမယ့် 9pasha ကို နားလည်မှုအပြည့်အဝပေးခဲ့ပါတယ်။ 9pasha ကလည်း သူခရီးတွေထွက်ပြိုင်ပွဲတွေပြိုင်ပြီး ပြန်ရောက်လာတာနဲ့ သူရဲ့အချိန်တွေတော်တော်များများကို ချစ်သူလေးအတွက်ပေးပြီး ဂရုစိုက်တတ်တာကြောင့် သူတို့နှစ်ဦးရဲ့အချစ်ရေးလေးဟာ သာယာစိုပြည်နေခဲ့ပါတယ်။

Photo credit - 9pasha instagram
Photo credit - 9pasha instagram

ဒီလိုနဲ့ 2018 ခုနှစ် ဇန်နဝါရီလလောက်မှာတော့ 9pasha ဟာသူရရှိထားတဲ့ဆုကြေးငွေလေးတွေနဲ့ လက်စွပ်လေးတစ်ကွင်းဝယ်ပြီး Lidiya ကိုလက်ထပ်ခွင့်တောင်းခဲ့ပါတော့တယ်။အဲ့အချိန်လေးဟာ Lidiya အတွက်အပျော်ဆုံးအချိန်လေးတစ်ခုဖြစ်ခဲ့သလို offlane ကစားသမားကြီး 9psaha ရဲ့ လက်ထပ်ခွင့်တောင်းမှုကို ချွင်းချက်မရှိလက်ခံခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ တစ်ဦးနဲ့တစ်ဦးနားလည်မှုတွေအပြည့်နဲ့တည်ဆောက်ထားတဲ့အချစ်ကမ္ဘာလေးကိုပိုင်ဆိုင်ထားတဲ့ သူတို့စုံတွဲလေးဟာဆိုရင်တော့ 2018 သြဂုတ်လမှာပဲ မင်္ဂလာဆောင်ခဲ့ပြီပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့ရဲ့ လက်ထပ်ထားတာ 2 နှစ်ကျော်လောက်ရှိနေပြီ ဖြစ်ပြီး 9pasha ကတော့ Natus Vincere dota 2 team ရဲ့ inactive player တစ်ယောက်ဖြစ်နေပါပြီ။

ဘော်ဒါတို့ရော 9pasha လို ဝါသနာကို နားလည်မှုရှိပြီး ဂရုစိုက်ပေးတဲ့ ဘဝလက်တွဲဖော်ကောင်းလေးကို မပိုင်ဆိုင်ချင်ကြဘူးလား

Photo credit - 9pasha instagram
Photo credit - 9pasha instagram

Myanmarload Esports. .....

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။