ပရိသတ်ကြီးရေ.. သရုပ်ဆောင်ကောင်းသလို ချစ်စရာလည်းကောင်းတာကြောင့် ယောကျ်ားလေး မိန်းကလေး အားလုံးက ချစ်ခင်နေကြသူလေးကတော့ သရုပ်ဆောင်မင်းသမီးချောလေး မေတိုးခိုင်ပဲ ဖြစ်ပါတယ်နော်..။

အူဝဲရဲ့ကိုယ်ပွားလေးလို့ အားလုံးက ချစ်စနိုးခေါ်ကြသလို ပြီးခဲ့တဲ့နှစ် အကယ်ဒမီရွှေကြိုမှာလည်း ပါဝင်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးထားတဲ့ မေတိုးလေးကတော့ အခုဆိုရင် ပရိသတ်အခိုင်အမာနဲ့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပါပြီနော်..။

Photo Credit - May T. khine's Fb Page
Photo Credit - May T. khine's Fb Page

မေတိုးလေးကတော့ သူမရဲ့လတ်တလော အနုကညာလှုပ်ရှားမှုလေးတွေကို ပြောပြရင်း ကိုယ့်ရဲ့ Idol တွေကို မကောင်းပြောရသ်း စိတ်ထဲမကောင်းတဲ့အကြောင်းလေးတွေကိုလည်း ပြောပြလာပါတယ်နော်..။

"နာမည်ကြီးလာပြီ နေရာတစ်ခုရောက်ပြီဆိုရင် လူတွေကတော်တော်များများ တိုက်ခိုက်ချင်ကြတာများတယ် မကောင်းပြောချင်ကြတာ များတယ် သူတို့ဆီလည်း ပြန်ရောက်ချင်မှ ရောက်မှာ ဒါပေမယ့်လည်း အဲ့လိုမကောင်းပြောနေရင် ကိုယ်ကစိတ်ထဲမှာ မကောင်းဘူး.." ဆိုပြီး မေတိုးလေးက ပြောပြထားတာပါ..။

Photo Credit - May T. khine's Fb Page
Photo Credit - May T. khine's Fb Page

"တကယ်လည်းမဟုတ်ဘဲနဲ့ တချို့တွေဆို တကယ်မဟုတ်တာတွေကို အတင်းကြီးပြောတဲ့လူတွေလည်း ရှိတယ် အဲ့လိုမျိုးဆို အရမ်းအသည်းယားတယ် စကားအကောင်းပြောစရာမရှိရင်လည်း မပြောနဲ့ပေါ့နော် လူတစ်ဖက်သားကို စိတ်ထိခိုက်အောင် ပြောချင်ကြတာလဲဆိုတာ နားမလည်ဘူး အဲ့လိုမျိုးဆို စိတ်တိုတယ် အဲ့လို ကိုယ် Idol ကို ဘေးကနေ မကောင်းပြောရင် ကိုယ်က ပြြန်ပီးတော့ ဖြေရှင်းတာပေါ့နော်.." ဆိုပြီးတော့လည်း ပွင့်လင်းစွာ ပြောပြထားပါသေးတယ်နော်..။

အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ကိုလည်း လေးစားအားကျရတဲ့အကြောင်းလေးတွေ ပြောပြထားတဲ့ မေတိုးလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - May T. khine's Fb Page
Photo Credit - May T. khine's Fb Page

Photo Credit - May T. khine's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။