Photo credit - LGD Gaming facebook page

ပြီးခဲတဲ့ရက်ပိုင်းကမှ main အသင်း PSG.LGD ကိုပြန်ရောက်ရှိလာတဲ့ Ame ကတော့ ဒီကနေ့မှာ 10k MMR ကိုရောက်ရှိခဲ့ပါတယ်။

Ame ဟာ Ti 8 နဲ့ Ti 9 မှာ PSG.LGD မှာလက်စွမ်းတော်တော်ပြခဲ့တဲ့ player တစ်ယောက်ဖြစ်ပြီး Ti 9 အပြီးမှာတော့ မထင်မှတ်ထားတဲ့ ပြောင်းလဲမှုတစ်ခုလို့ ဆိုရလောက်အောင် Ame ဟာ PSG.LGD ကနေထွက်ခွာပြီး CDEC Gaming ကိုအငှားသွားရောက် ကစားခဲ့ပါတယ်။

ဒါပေမယ့် ဒါဟာ ကောင်းမွန်တဲ့ပြောင်းလဲမှုတစ်ခုတော့ မဟုတ်ခဲ့ဘဲ Ame ဟာ CDEC Gaming မှာ performance ကောင်းတွေ သိပ်မပြနိုင်ခဲ့ပါဘူး။

အဲ့ဒီနောက် china region ရဲ့ roster အပြောင်းအလဲတွေ ဖြစ်ပေါ်လာချိန်မှာတော့ CDEC Gaming ကလည်း disband ပြုလုပ်ခဲ့သလို Ame ကလည်း သူ့ရဲ့ main အသင်း PSG.LGD ကိုပြန်ရောက်လာခဲ့ပါတယ်။

Ame ဟာ လက်ရှိမှာ PSG.LGD နဲ့အတူ China Dota 2 Pro Cup Season 1 ကိုဝင်ရောက်ယှဥ်ပြိုင်နေပြီး လေးပွဲကစားရာမှာ သုံးပွဲအနိုင်ရရှိပြီး တစ်ပွဲအရှုံးနဲ့ group A ရဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။

Ame အနေနဲ့လည်း လက်ရှိမှာ သူ့ရဲ့ ကျိုးစားမှုကြောင့် 10k MMR ကိုရောက်ရှိလာခဲ့ပြီဖြစ်သလို China region ရဲ့ ဒုတိယမြောက် 10k MMR ကိုရောက်ရှိတဲ့ player ဖြစ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

Congratulations ပါ Ame. ....

Photo credit - LGD Gaming facebook page

Source - LGD Gaming facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။