ပရိသတ်ကြီးရေ သရုပ်​ဆောင် မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ အနုပညာလောကမှာ အောင်မြင်မှုများစွာနဲ့ ရပ်တည်နေတဲ့ သူလေးပဲဖြစ်ပါတယ် ။သူမဟာ ဘယ်လိုဇာတ်ကောင်တွေပဲဖြစ်ဖြစ် ပီပြင်အောင်သရုပ်ဆောင်တတ်ပြီးအကောင်းဆုံးကြိုးစားမှုတွေကြောင့်လည်း အကယ်ဒမီဆုကိုလည်း ထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။ စိုးပြည့်သဇင်က လတ်တလော ကပ်ရောဂါကာလလေးမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီး အိမ်မှာပဲချစ်ရတဲ့ မိသားစုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေတာလည်းဖြစ်ပါတယ်။

Photo Credit -Kan Su Ho (photography)
Photo Credit -Kan Su Ho (photography)

စိုးပြည့်သဇင်က ရိုးရှင်းအေးချမ်းတဲ့ အလှတရားတွေအပြင် ဆွဲဆောင်မှုရှိတဲ့ အပြုံးချိုချိုလေးတွေနဲ့ ချစ်စရာကောင်းသူလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် ပရိသတ်တွေအတွက်လည်း သူမရဲ့ နေ့စဥ်လှုပ်မှုတွေကိုလည်း အမြဲဖော်ပြပေးပါတယ်။ ယခုမှာတော့ ပရိသတ်တွေ ကြည်နူးစေမယ့် ချစ်စရာပုံလေးတွေကို ပြန်လည်မျှဝေလာခဲ့ပါတယ်။

Photo Credit -Kan Su Ho (photography)
Photo Credit -Kan Su Ho (photography)

ဒီပုံလေးတွေထဲမှာတော့ စိုးပြည့်သဇင်က ဖေဖေမေမေတို့နဲ့အတူ ဘွဲ့ဝတ်စုံလေးတွေ ကိုယ်စီဝတ်ပြီး မိသားစုလိုက် သဘာဝကျကျ ရိုက်ကူးထားတာဖြစ်ပါတယ်။ ပရိသတ်တွေလည်း တကယ့်ကို ကျက်သရေပြီး ကြည်နူးစရာကောင်းတဲ့ စိုးပြည့်သဇင် တို့မိသားစုပုံလေးတွေကို သဘောကျမယ်လို့ မျှော်လင့်မိပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ဖေဖေမေမေ တို့နဲ့အတူ ဘွဲ့ဝတ်စုံလေးတွေဝတ်ပြီး ချစ်စရာကောင်းနေတဲ့ စိုးပြည့်သဇင် ရဲ့ မိသားစုပုံလေးတွေကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Photo Credit -Kan Su Ho (photography)
Photo Credit -Kan Su Ho (photography)

Photo Credit -Kan Su Ho (photography)

Source - Soe Pyae Thazin Fb Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။