လတ်တလော မိန်းမလှလေးတွေကြားမှာ နာမည်ကြီးနေသူ မင်းသားချောလေး တိုင်ရွန်ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်လေး ဖြစ်ပါတယ်။ အရပ်ရှည်ပြီး ရုပ်ဖြောင့်တဲ့တိုင်ရွန်က အမိုက်စားတက်တူးတွေနဲ့ မိန်းကလေးတိုင်းအားကိုးချင်စရာကောင်းတဲ့ body မျိုးကို ပိုင်ဆိုင်ထားကာ ချောမောခန့်ညားပြီး အမြဲလိုလို စတိုင်ကျကျ ပြုမူနေထိုင်တတ်သူလည်း ဖြစ်ပါတယ်။ အလုပ်ကြိုးစားသလို မိဘပေါ်လည်းသိတတ်လိမ္မာတဲ့တိုင်ရွန်က အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေရပြီး ပိုမိုအောင်မြင်လာတာ တွေ့ရပါတယ်။

Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account

တိုင်ရွန်အနေနဲ့ ဝေဖန်တိုက်ခိုက်မှုတွေများစွာရှိနေပေမယ့်လည်း သူ့ကိုချစ်တဲ့ပရိသတ်တွေကတော့ ခုချိန်ထိ ချစ်ခင်အားပေးနေကြဆဲပဲဖြစ်ပါတယ် ။တိုင်ရွန်ကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ လတ်တလောမှာလည်း မြင်နေကျပုံစံတွေနဲ့မတူဘဲ လေ့ကျင့်ခန်းလုပ်နေတဲ့ပုံလေးတွေနဲ့အတူ "အိမ်မှာနေရင်း ကိုယ်လက်လေ့ကျင့်ခန်းတစ်ခုခု လုပ်ပါ အစာများများစားပါ စောစောအိပ်ပါ အားလုံးကျန်းမာ ကြပါစေ .." ဆိုတဲ့စာလေးကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းက အမြင်တစ်မျိုးဆန်းစွာချစ်စရာကောင်းနေတာကြောင့် မိန်းမလှလေးတွေကြွေနေတာလည်းဖြစ်ပါတယ် 

Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account

သူရဲ့ပရိသတ်တွေကတော့ တိုင်ရွန်ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်အားပေးနေတာလည်းတွေ့ရပါတယ်။တိုင်ရွန်ကတော့ သူချစ်ရတဲ့ပရိသတ်တွေကို အကောင်းဆုံးအသစ်သစ်တွေလုပ်ပြနိုင်ရန် အစွမ်းကုန်ကြိုးစားနေသူလေးလည်းဖြစ်ပါတယ်။ဒါကြောင့်လည်း တိုင်ရွန်က လတ်တလော ပရိသတ်တွေကြားမှာ အရမ်းကို လူကြိုက်များအောင်မြင်နေတဲ့ မင်းသားချောလေးတစ်လတ် ဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးတွက်တိုင်ရွန်လေးရဲ့ ပုံလေးတွေကိုမျှဝေပေးလိုက်ပါတယ်။

Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account

Source & Photo Credit : Tyron Bejay Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။