MRTV-4မှာ ထုတ်လွှင့်ပြသနေတဲ့ ဇာတ်လမ်းတွဲတွေမှာ စတင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို ဝင်ရောက်လာတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ခေးဆက်သွင်ပဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာလည်း ခေးဆက်သွင်က အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေပြီး ပရိသတ်တွေ အသိအမှတ်ပြု အားပေးခြင်းကို ခံရတဲ့ မင်းသမီးချောလေးဆိုရင်လည်း မမှားနိုင်ပါဘူးနော်..... ။

Photo credit - Khay Sett Thwin's Facebook Account

ခေးဆက်သွင်က ဖြူဖွေးလှပတဲ့ အသားအရည်လေးကိုပိုင်ဆိုင်ထားပြီး ပြစ်ချက်မရှိလှပလွန်းတဲ့ မျက်နှာလေးကြောင့် ပုရိသတို့ အသည်းစွဲ အားပေးချစ်ခင်ရတဲ့ အနုပညာရှင်တစ်ဦးလည်း ​ဖြစ်ပါတယ်။ လတ်တလောမှာတော့ ခေးဆက်သွင်က အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ Tiktok video လေးတွေနဲ့ ဓာတ်ပုံအလန်းလေးတွေကို ရိုက်ကူးကာ ပရိသတ်တွေဆီကို အမြဲလိုလို မျှဝေပေးလျက်ရှိနေတာလည်း ဖြစ်ပါတယ်....။

Photo credit - Khay Sett Thwin's Facebook Account

ယနေ့မှာတော့ သူမပါဝင်ရိုက်ကူးထားတဲ့ "ရွေးကောက်ပွဲ ဖူးစာ " ဆိုတဲ့ ဇာတ်ကားလေးရဲ့ ရိုက်ကွင်းနောက်ကွယ်က အလှပုံရိပ်လေးတွေကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ပုံလေးတွေအပြင် " မဲပေးရင်း ဖူးစာဆုံဖို့ ငယ်ငယ်ဆွေကို ချစ်ကြစို့လွန်ခဲ့သော လများက ရွေးကောက်ပွဲ ဖူးစာ ဇာတ်ကားရိုက်ကွင်းမှာ ရိုက်ခဲ့တဲ့ ပုံလေးတွေပါ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.... ။

Photo credit - Khay Sett Thwin's Facebook Account

Photo credit - Khay Sett Thwin's Facebook Account 

Source  - Khay Sett Thwin's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။