ပရိသတ်ကြီးရေ ဝါရင့်သရုပ်ဆောင် မင်းသားကြီး ခန့်စည်သူကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းလာခဲ့တဲ့ သူပဲဖြစ်ပါတယ်။ ခန့်စည်သူဟာ ဗီဒီယိုဇာတ်ကားများစွာကို ပါဝင်သရုပ်ဆောင်ထားပြီး ယနေ့အချိန်ထိလည်း ဆက်တိုက်ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒါ့အပြင် ခန့်စည်သူဟာ အနုပညာအလုပ်တွေထက် လက်ရှိမှာ လူမှုရေးအကျိုးပြု ပရဟိတလုပ်ငန်းတွေကို ဦးစားပေးလုပ်ကိုင်နေတာ တွေ့ရပါတယ်။

Photo Credit - Kyaw Soe Win fb page
Photo Credit - Kyaw Soe Win fb page

ခန့်စည်သူ က မကြာခဏဆိုရင် လိုအပ်တဲ့နေရာတွေမှာလည်း တတ်နိုင်သလောက် လှူဒါန်းပေးပြီး သူ့ရဲ့ အလှူပုံရိပ်လေးတွေကို ပရိသတ်တွေ အမြဲဖော်ပြပေးပါတယ်။ ယနေ့ စတင်ဘာလ ၂၄ ရက်နေ့လေးမှာတော့ ပရိသတ်တွေ ကြည်နူးပီတိဖြစ်စေမယ့် လှူဒါန်းမှုပြုလုပ်ခဲ့တဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီအလှူလေးကတော့ ခန့်စည်သူဦးဆောင်ပြီး အောင်ဆန်းတီဘီရောဂါအထူးကုဆေးရုံကြီးမှာ Home Lock down ဖြစ်နေသော ဆေးရုံဝန်ထမ်းများအတွက် ဆန်၊ ပုဆိုးနဲ့ အလှူငွေများကို လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

Photo Credit - Kyaw Soe Win fb page
Photo Credit - Kyaw Soe Win fb page

ဒီအလှူလေးနဲ့လည်း ခန့်စည်သူက "ရန်ကုန်တိုင်းဒေသကြီး၊အောင်ဆန်းတီဘီရောဂါအထူးကုဆေးရုံကြီး၌ Home Lock down ဖြစ်နေသော ဆေးရုံဝန်ထမ်းများ၊Covid-19 Positive ဆေးရုံဝန်ထမ်းများနှင့်လူနာများအတွက် အလှူငွေ(၁၅)သိန်း၊ဆန်(၁၀)အိတ်၊ပုဆိုးအထည်(၁၀၀)တို့ကို ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်သန္တာမွှန်းထံသို့ သွားရောက်လှူဒါန်းခဲ့ပါတယ်...အခက်အခဲများကြားမှဝိုင်းဝန်းလှူဒါန်းပေးကြပါသော အလှူရှင်များအားလုံးကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်....ဆေးရုံဝန်ထမ်းများ၊လူနာများနှင့်အလှူရှင်များ ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝကြပါစေ.." ဆိုပြီး ရေးသားဖော်ပြထားပါတယ်။

Photo Credit - Kyaw Soe Win fb page
Photo Credit - Kyaw Soe Win fb page

Photo Credit - Kyaw Soe Win fb page

Source - Kyaw Soe Win fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။