ပရိသတ်ကြီးရေ.. ကျရာကာရိုက်တာတွေကို သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ဇာတ်ကားတွေများစွာ ရိုက်ကူးထားသလို စေတနာကောင်းတာတွေကြောင့်လည်း အများက ချစ်ခင်ကြတဲ့ သရုပ်ဆောင်ရဲလေးမကိုတော့ မသိသူမရှိသလောက်ပါပဲနော်..။

ပရိသတ်အချစ်တော် သရုပ်ဆောင်ရဲလေးမကတော့ အနုပညာအလုပ်တွေ နည်းပါးနေတဲ့အချိန်မှာလည်း ပရိသတ်တွေနဲ့ မဝေးကွာသွားဘဲ Live လွှင့်ပြီး ဈေးရောင်းနေတာလည်း မြင်တွေ့ရမှာပါနော်..။

Photo Credit - Ye Lay Ma's Fb Account
Photo Credit - Ye Lay Ma's Fb Account

ရဲလေးမကတော့ Covid ကာလ stay home နေရတဲ့အချိန် စီးပွားရေးတွေ ခက်ခဲနေပေမယ့်လည်း ကြုံရင်ကြုံသလို လှူဒါန်းမှုလေးတွေ ပြုလုပ်နေပါတယ်နော်..။

တတ်နိုင်တဲ့အင်အားလေးနဲ့ အလှူအတန်းတွေကို မကြာခဏပြုလုပ်နေတဲ့ ရဲလေးမဟာ အခုတစ်ခါမှာလည်း မန္တလေးက အဖွားတစ်ယောက်ကို အိမ်တိုင်ရာရောက် သွားရောက်ဂါဝရပြုကာ ကုသိုလ်ယူခဲ့ပြန်ပါတယ်နော်..။

Photo Credit - Ye Lay Ma's Fb Account
Photo Credit - Ye Lay Ma's Fb Account

"ရှိတော့မရှိဘူး ဒါပေမယ့် မန်းလေးကအဖွားကို အိမ်အရောက်သွားကန်တော့ခဲ့တယ် 5000 ဆိုတာ ခဏသုံးရင်ကုန်တာပါ ကိုယ်တောင် လိုအပ်နေတာလေ သူတို့ဘဝလေးတွေက သနားစရာပါနော် နည်းတာများတာအဓိက မဟုတ်ပေမယ့် စေတနာတစ်ခုအရင်းပြုပြီးတော့ ခုနှစ်ရက်သားသမီးပိုက်ဆံနဲ့ လှူတာပါနော်

သာဓုခေါ်ကြပါနော်.." ဆိုပြီး သူ့ရဲ့အလှူလေးကို ဝေမျှထားတာ ဖြစ်ပါတယ်..။

နည်းများမဆို ကြုံတိုင်းလှူတတ်တဲ့ ရဲလေးမရဲ့ စေတနာအလှူလေးကိုလည်း ပရိသတ်တွေကလည်း သဘောကျကာ သာဓုခေါ်ဆုတောင်းစကားလေးတွေလည်း ပြောထားကြပါတယ်နော်..။

Photo Credit - Ye Lay Ma's Fb Account
Photo Credit - Ye Lay Ma's Fb Account

Source & Photo Credit - Ye Lay Ma's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။