မင်းသမီးချောလေး စန္ဒီမြင့်လွင်ကတော့ ပါးဖောင်းဖောင်းကစ်ကစ်လေးနဲ့ အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ မေမေစန္ဒီမြင့်လွင်က သမီးလေးကို ခင်လင်းထင်လို့ နာမည်လှလှလေးပေးထားတာဖြစ်ပြီး Treasure လို့လည်း ချစ်စနိုးနဲ့ခေါ်ဝေါ်တာ ဖြစ်ပါတယ် ။ ပရိသတ်တွေရဲ့အချစ်ကိုပါ သိမ်းပိုက်ရရှိထားတဲ့ Treasure လေးက အသက်တစ်နှစ်ကျော်အရွယ်ရှိနေပြီ ဖြစ်ပါတယ် ။

Photo Credit-Sandy Myint Lwin's FB Page
Photo Credit-"Khin Lin Htin-Treasure" FB Page
Photo Credit-Sandy Myint Lwin's FB Page

Treasure လေးကတော့ နှုတ်ခမ်းလေးတွေကအစ မေမေစန္ဒီမြင့်လွင်နဲ့တစ်ထေရာတည်းတူနေတဲ့ အမေတူသမီးလေးလည်း ဖြစ်ပါတယ် ။ တစ်ဦးတည်းသော သမီးဦးလေးဖြစ်တဲ့ Treasure လေးကို စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံသာမက တစ်မိသားစုလုံးကပါ တုန်နေအောင် ချစ်ရတာပဲ ဖြစ်ပါတယ် ။ စန္ဒီမြင့်လွင်က သမီးလေးရဲ့လှုပ်ရှားမှုလေးတွေကို အမြဲတမ်းမျှဝေပေးတတ်တာဖြစ်ပြီး အခုလည်း ဗီဒီယိုအသစ်လေးကို တင်ပေးထားပါတယ်။

Photo Credit-"Khin Lin Htin-Treasure" FB Page
Photo Credit-"Khin Lin Htin-Treasure" FB Page
Photo Credit-"Khin Lin Htin-Treasure" FB Page

အိမ်ထဲမှာနေရင်း တစ်နေ့တစ်မျိုးမရိုးရအောင် ဆော့တတ်လွန်းတဲ့ သမီးလေးကို မေမေစန္ဒီမြင့်လွင်က ဗီဒီယိုလေးရိုက်ထားတာပဲ ဖြစ်ပါတယ် ။ ဒီဗီဒီယိုထဲမှာတော့ အရမ်းချစ်ဖို့ကောင်းတဲ့ Treasure လေးက ဖုန်းထဲကသူ့ပုံလေးကိုကြည့်ပြီး အနမ်းတွေပေးနေတာလည်း ဖြစ်ပါတယ် ။ ကဲ အဆော့ကြိုက်တဲ့ စန္ဒီမြင့်လွင်သမီးလေးရဲ့အသည်းယားစရာဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Sandy Myint Lwin's FB Page 

Photo Credit-"Khin Lin Htin-Treasure" FB Page
Photo Credit-Sandy Myint Lwin's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။