ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး ပိုးကြာဖြူခင် ကတော့ MRTV -4မှာ ထုတ်လွှင့်ပြသနေတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးမှုကို များစွာရရှိခဲ့တဲ့ သူလေးပါ။ သူမက "ဆိုင်းမိုင်"ဆိုတဲ့ ကာရိုက်တာလေးနဲ့ လူသိများခဲ့ပြီး နောက်ပိုင်းမှာလည်း ဇာတ်လမ်းတွဲတွေမှာ ဆက်တိုက် ပါဝင်သရုပ်ဆောင်ရနေတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

Photo credit - Poe Kyar Phyu Khin's FB account

ပိုးကြာဖြူခင် က ရိုးရှင်းလှပတဲ့ မျက်နှာလေးနဲ့ ချိုသာလွန်းတဲ့ အပြောအဆိုလေးတွေကြောင့် ပရိသတ်တွေသာမကပဲ အနုပညာရှင် အချင်းချင်းကပါ အားပေးချစ်ခင်နေကြတာပါနော်။ လတ်တလောမှာတော့ ပိုးကြာဖြူခင်က အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ သူမချစ်ရတဲ့ မိသားစုတွေနဲ့အတူ နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်။

Photo credit - Poe Kyar Phyu Khin's FB account

သူမက အိမ်မှာနေရင်း ချစ်ရတဲ့ ပရိသတ်တွေ အလွမ်းပြေစေရန်အတွက် အပျင်းပြေဓာတ်ဖမ်းထားတဲ့ အလှပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိနေတာပဲ ဖြစ်ပါတယ် ။ ယနေ့မှာတော့ Photo shooting က မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိရှိလှနေတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်....။

Photo credit - Poe Kyar Phyu Khin's FB account
Photo credit - Poe Kyar Phyu Khin's FB account

Photo credit - Poe Kyar Phyu Khin's FB account 

Source  - Poe Kyar Phyu Khin's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။