ပြည်သူချစ် အနုပညာရှင်တွေဖြစ်ကြတဲ့ သရုပ်ဆောင်အောင်ခိုင်နဲ့ သရုပ်ဆောင် ဝါဝါအောင်တို့ဇနီးမောင်နှံကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ် ။ အကယ်ဒမီဆုရှင်တွေလည်းဖြစ်ကြတဲ့ အောင်ခိုင်တို့စုံတွဲလေးက အောင်မြင်မှုကိုယ်စီနဲ့ ရပ်တည်နေကြတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ပရိသတ်တွေကလည်း သူတို့စုံတွဲလေးကို ချစ်ခင်အားပေးနေကြဆဲ ဖြစ်ပါတယ် ။

Photo Credit-Wahwah Aung's FB Acc
Photo Credit-Wahwah Aung's FB Acc
Photo Credit-Wahwah Aung's FB Acc

အောင်ခိုင်နဲ့ ဝါဝါအောင်တို့ဇနီးမောင်နှံကတော့ အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးအဖြစ် ခိုတောင်မုန့်တီချက်ပြီး ရောင်းချနေတာလည်း ဖြစ်ပါတယ်။ ကျန်းမာနုပျိုပြီး အရွယ်တင်နေဆဲဖြစ်တဲ့ သူတို့ဇနီးမောင်နှံက လက်ရှိအချိန်အထိ အချစ်တွေခိုင်မြဲပြီးပျော်ရွှင်စွာ နေထိုင်နေကြတာ ဖြစ်ပါတယ် ။ အခုလည်း ဝါဝါအောင်က ချစ်ရတဲ့ခင်ပွန်းအောင်ခိုင်နဲ့ပုံရိပ်လေးတွေကို မျှဝေထားတာ ဖြစ်ပါတယ် ။

Photo Credit-Wahwah Aung's FB Acc
Photo Credit-Wahwah Aung's FB Acc
Photo Credit-Wahwah Aung's FB Acc

ဝါဝါအောင်က "အမေရိကကနေ ချစ်ခြင်းများစွာနဲ့မှတ်မှတ်ရရပို့ပေးတဲ့ လက်ဆောင်တွေကိုအရမ်းကြိုက်ပါတယ် ကျေးဇူးတင်ပါတယ် မမဒေစီ " ဆိုပြီး ပုံလေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ် ။ ဝါဝါအောင်တို့ဇနီးမောင်နှံကတော့ အိမ်မှာနေရင်း နှစ်ယောက်အတူတူ ဓာတ်ဖမ်းရင်း ပျော်ရွှင်နေကြတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အောင်ခိုင်နဲ့ ဝါဝါအောင်တို့ဇနီးမောင်နှံရဲ့ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Wahwah Aung's FB Acc

Photo Credit-Wahwah Aung's FB Acc
Photo Credit-Wahwah Aung's FB Acc
Photo Credit-Wahwah Aung's FB Acc
Photo Credit-Wahwah Aung's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။