ပရိသတ်ကြီးရေ ချစ်သုဝေတို့ဇနီးမောင်နှံနှစ်ယောက်က‌တော့ ခေတ်သစ်ဖောင်ဒေးရှင်းလေးကို တည်ထောင်ထားပြီး အလှူရှင်တွေနဲ့အတူ အများအကျိုးကို သယ်ပိုးဆောင်ရွက်နေတာဖြစ်ပါတယ်။ချစ်သုဝေနဲ့လင်းလင်းတို့ကလည်း စိတ်သဘောထားပြည့်ဝပြီး လူသားချင်းစာနာထောက်ထားတတ်လို့ အမြဲဦးဆောင်ပြီး ကူညီနေတာဖြစ်ပါတယ်နော်။ပရိသတ်တွေကလည်း လင်းလင်းနဲ့ချစ်သုဝေတို့ရဲ့ စိတ်‌ဓာတ်လေးကို ချီးကျူးကြပြီး အမြဲတမ်းအားပေးချစ်ခင်နေကြတာဖြစ်ပါတယ်။

Photo Credit:Chit Thu Wai's Facebook Account
Photo Credit:ခေတ်သစ်ဖောင်ဒေးရှင်း Facebook page
Photo Credit:ခေတ်သစ်ဖောင်ဒေးရှင်း Facebook page

ယခုကိုဗစ်ကာလမှာဆိုရင်လည်း ချစ်သုဝေက သူမကိုယ်တိုင်ဦးဆောင်ပြီး အလှူရှင်တွေနဲ့အတူ သိန်းပေါင်းများစွာကို လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းနေတာဖြစ်ပါတယ်။ကိုဗစ်ကာလမှာ လူတိုင်းက အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာကြောင့် ဘုန်းကြီးကျောင်းတွေကလည်း ဆွမ်းအခက်အခဲတွေဖြစ်ပေါ်နေပါတယ်နော်။ချစ်သုဝေက ဒီနေ့လေးမှာ ဘုန်းကြီးကျောင်း(၂၄)ကျောင်းအတွက် ဆွမ်းကုသိုလ်ကို ယူခဲ့တာဖြစ်ပါတယ်။

Photo Credit:ခေတ်သစ်ဖောင်ဒေးရှင်း Facebook page
Photo Credit:ခေတ်သစ်ဖောင်ဒေးရှင်း Facebook page

ချစ်သုဝေကတော့"COVID-19 ကာလမှာ ဆွမ်းလောင်းအသင်းများရပ်နားထားသလို ဆွမ်းခံထွက်ခြင်းများမပြုလုပ်ကြတဲ့ သံဃာတော်များအတွက် ဆွမ်းအခက်အခဲဖြစ်ပေါ်နေခဲ့ပါတယ်။ ဒီအခက်အခဲအတွက် ခေတ်သစ်ဖောင်ဒေးရှင်းမှ (၇) ရက်သားသမီးများနှင့်စုပေါင်း၍ ဒဂုံမြို့နယ်၊ အိမ်တော်ရာတိုက်၊ ဘုန်းတော်ကြီးကျောင်း (၂၄) ကျောင်းရှိ သံဃာတော် (၂၀၈) ပါးအတွက် နေ့ဆွမ်းလှူဖြစ်ခဲ့တယ်။ပြုခဲ့ရသော ကုသိုလ်အစုစုကို (၇) ရက်သားသမီးများထပ်တူရရှိကြပါစေ။ရောဂါကပ်ဆိုးကြီးကိုလည်း အမြန်ဆုံးကျော်လွှားနိုင်ပါစေ။"ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:ခေတ်သစ်ဖောင်ဒေးရှင်း Facebook page
Photo Credit:ခေတ်သစ်ဖောင်ဒေးရှင်း Facebook page
Photo Credit:ခေတ်သစ်ဖောင်ဒေးရှင်း Facebook page

Source&Photo Credit:ခေတ်သစ်ဖောင်ဒေးရှင်း Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။