တစ်ခေတ်တခါက အနုပညာလောကမှာ ကြော်ငြာ၊ ရုပ်ရှင်ဇာတ်ကားတွေနဲ့ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ မင်းသမီးထက်ထက်မိုးဦးကတော့ ယနေ့တိုင်အောင် ပရိသတ်ရင်ထဲမှာ နေရာယူထားဆဲ ဖြစ်ပါတယ်။ သူမက သရုပ်ဆောင်ပိုင်းမှာလည်း အပြစ်ပြောစရာမရှိလောက်အောင် ထူးချွန်သူဖြစ်ပြီး အကယ်ဒမီဆုတွေလည်း ရယူပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို အချိန်အတော်ကြာရပ်နားထားခဲ့တဲ့ ထက်ထက်က အခုချိန်မှာ အနုပညာလှုပ်ရှားမှုတွေ ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။

Photo credit - Htet Htet Moe Oo's Fb Page

အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ အပြုံးချိုချိုတွေနဲ့ ထက်ထက်က နှစ်တွေဘယ်လိုပြောင်းပြောင်း အရင်တုန်းကအတိုင်း လှနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ထက်ထက်က ကြော်ငြာလေးတွေနဲ့ photo shooting လေးတွေကို လက်ခံရိုက်ကူးပေးနေတာပဲ ဖြစ်ပါတယ်။ သူမအားလပ်တဲ့ အချိန်လေးတွေမှာလည်း ပရိသတ်တွေအချစ်ပိုမိစေရန်အတွက် ငယ်ဘဝက ပုံဟောင်းလေးတွေကို တင်ပေးလေ့ရှိနေတာပါ။

Photo credit - Htet Htet Moe Oo's Fb Page

ယနေ့မှာလည်း ထက်ထက်မိုးဦးက သူမရဲ့ ငယ်ဘဝ ၄တန်းကျောင်းသူအရွယ်က ဆုရရှိခဲ့တဲ့ ပုံလေးတွေကို တင်ပေးလာခဲ့ပြီး " ၄ တန်းကျောင်းသူ မှုံရွှေရည် ထက်ရဲ့နာမည်က မှုံရွှေရည်ပါနော် အနုပညာလုပ်ငန်းတွေကိုတော့ထက်ထက်မိုးဦးနဲ့လုပ်ပါတယ်ရှင့် ကိုယ့်ဟာကိုမိတ်ဆက်တာ ခုနှစ်တော့မမှတ်မိတော့ဘူးရှင့် ပထမဆုရဖူးတဲ့အမှတ်တရလေးပါ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...... ။

Photo credit - Htet Htet Moe Oo's Fb Page
Photo credit - Htet Htet Moe Oo's Fb Page

Photo credit - Htet Htet Moe Oo's Fb Page 

Source  - Htet Htet Moe Oo's Fb Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။