အဆိုတော် ခင်ဘုဏ်းကတော့ တစ်ခေတ်တစ်ချိန်ကတည်းက ဂီတလောကမှာ နာမည်တစ်လုံးနဲ့အောင်မြင်ခဲ့သူဖြစ်ပြီး အခုချိန်အထိလည်း ပရိသတ်တွေရဲ့အားပေးမှုကို ရရှိနေတာ ဖြစ်ပါတယ် ။ လက်ရှိမှာလည်း ခင်ဘုဏ်းက ချစ်ပရိသတ်တွေအတွက် တေးသီချင်းအသစ်တွေကို ဆက်တိုက်ဖန်တီးပေးနေတာပဲ ဖြစ်ပါတယ် ။ ပြည်ပမှာ ချစ်ခင်ပွန်းနဲ့အတူနေထိုင်တဲ့ ခင်ဘုဏ်းက မြန်မာပြည်မှာရှိတဲ့ သူမရဲ့မိခင်ကိုအမြဲတမ်းစိတ်ပူပြီး သတိရနေရတာလည်း ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ခင်ဘုဏ်းရဲ့မိခင်မှာ Covid 19 ရောဂါပိုးတွေ့ရှိတာကြောင့် ဆေးကုသမှုခံယူခဲ့ရတာပဲ ဖြစ်ပါတယ် ။

Photo Credit-Khin Bone Pyi's FB Acc
Photo Credit-Khin Bone Pyi's FB Acc
Photo Credit-Khin Bone Pyi's FB Acc

အခု‌တော့ နေပြန်ကောင်းပြီး အိမ်ကိုပြန်လာနေရပြီဖြစ်တဲ့ မိခင်အတွက် ခင်ဘုဏ်းတစ်ယောက် ဝမ်းသာနေရတာ ဖြစ်ပါတယ် ။ ဒါကြောင့် ခင်ဘုဏ်းက မိခင်ရဲ့ဆန္ဒအတိုင်း အလှူတွေလုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ် ။ ခင်ဘုဏ်းက " မေမေက သမီးရဲ့နားခိုရာအိမ် ပါ ကမ္ဘာကြီးရဲ့ဘယ်နားမှာပဲရောက်နေနေ စိတ်တွေဘယ်လောက်ယိုင်နဲ့တဲ့အချိန်ဖြစ်ပါစေ မေမေ့အသံ မေမေ့အားပေးစကားက သမီးရဲ့ဘဝအမောတွေ စိတ်သောက အပူတွေကို ငြိမ်းအေးစေတယ်၊ ခွန်အားတွေပြန်ပြည့်စေတယ်၊ နွေးထွေးလုံခြုံစေပါတယ်။ မေမေဟာ ဘဝအမောတွေကို တစ်ချက်မှမညည်းညူခဲ့ဘဲ သမီးနှစ်ယောက်နဲ့ ရဲရဲကြီးရင်ဆိုင်ခဲ့သူပါ။ ဒါ့ကြောင့် သမီးကမေမေ့အတွက် “သား”တစ်ယောက် မဟုတ်ခဲ့ပေမယ့် “အား”တစ်ခု ဖြစ်ရပါစေမယ်။ ထီးတစ်လက်လိုပဲ အရိပ်အမိုးပေးတဲ့သမီးပဲဖြစ်ချင်ခဲ့လို့ အသက် (၁၇)နှစ်သမီးထဲက မေမေ့ကို လုပ်ကျွေးဖို့စပြီး ကြိုးစားခဲ့ပါတယ်။"

Photo Credit-Khin Bone Pyi's FB Acc
Photo Credit-Khin Bone Pyi's FB Acc
Photo Credit-Khin Bone Pyi's FB Acc

"သင်္ခါရဆိုတာကို နားလည်ပေမယ့်လည်း ကျွန်မအတွက်တော့ အမေဆိုတာဟာ တန်ဖိုးဖြတ်လို့မရလို့ မေမေ့ကို ဆုံးရှုံးရမှာတော့ လောကမှာအကြောက်ဆုံးပါ။ ဒါကြောင့် အဲ့ဒီနေ့က Covid ကြောင့် ဖျားထားတဲ့ မေမေ့ကို စိတ်ပူလွန်းလို့ အမေဇောနဲ့ အဝေးကနေ ငိုပြီးအော်ဟစ်အကူညီတောင်းခဲ့ရတယ်။ အားလုံးကလည်း ကြားသိပြီး အဘက်ဘက်က ဝိုင်းဝန်းကူညီခဲ့လို့ အဆင်ပြေခဲ့ပါတယ်။ ဒီနေ့တော့မေမေအိမ်ပြန်ရောက်ပြီမို့ ဆက်လက်ကျန်းမာဖို့ ဂရုစိုက်နေဖို့ မှာတမ်းခြွေနေရင်း ကျွန်မအဝေးကပဲ အများကြီးမဟုတ်ပေမယ့် မေမေ့ဆန္ဒရှိသလို နေရာလေးတွေခွဲပြီး မေမေ့အတွက် အိမ်ပြန်တဲ့အမှတ်တရ အလှူလေးတွေ လုပ်ပေးဖြစ်ခဲ့တယ်။ နောက်ထပ်လည်းတတ်အားသရွေ့ လှူပေးပါမယ်။ မေမေ့လိုပဲ ကျန်လူနာများလည်း ကျန်းမာအဆင်ပြေစွာနှင့် အိမ်ပြန်ရပါစေကြောင်း အထပ်ထပ်ဆုတောင်းပါတယ် မြန်မာနိုင်ငံသားတွေနဲ့ ကမ္ဘာသူကမ္ဘာသားအားလုံးကပ်ဆိုးကြီးမှကင်းဝေးဖို့ဆုတောင်းရင်း သာဓုခေါ်နိုင်ဆိုကြပါစေ။ ခင်ဘုဏ်း" ဆိုပြီး ရေးသားမျှဝေထားတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Khin Bone Pyi's FB Acc

Photo Credit-Khin Bone Pyi's FB Acc
Photo Credit-Khin Bone Pyi's FB Acc
Photo Credit-Khin Bone Pyi's FB Acc
Photo Credit-Khin Bone Pyi's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။