ပရိသတ်ကြီးရေ မင်းသမီးချောလေး ခင်သဇင်ကတော့ အကောင်းဆုံးကြိုးစားအားထုတ်မှုတွေကြောင့် ပရိသတ်ရဲ့ရင်ထဲမှာ နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ သူမဟာ အနုပညာလောကထဲကို ယုံကြည်မှုရှိရှိ အကောင်းဆုံးလျှောက်လှမ်းနိုင်အောင် လေယာဉ်မယ်အလုပ်ကို စွန့်လွှတ်ခဲ့ကာ စတင်ဝင်ရောက်ခဲ့ သူပဲဖြစ်ပါတယ်။ ခင်သဇင် ဟာ လက်ရှိမှာတော့ ကြော်ငြာတွေအပြင် ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာလည်း ရိုက်ကူးနေတာတွေ့ရပါတယ်။

Photo Credit - Khin Thazin's fb account
Photo Credit - Khin Thazin's fb account

ခင်သဇင် က အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း လူမှုရေးအကျိုးပြု ပရဟိတလုပ်ငန်းတွေမှာလည်း ပါဝင်လုပ်ကိုင် ပေးတတ်တဲ့သူပဲဖြစ်ပါတယ်။ ဒါ့အပြင် ခင်သဇင် က ပရိသတ်တွေအတွက် မကြာခဏဆိုသလို သူမရဲ့ ချစ်စရာပုံရိပ်လေးတွေအပြင် အပျင်းပြေဆော့ကစားထားတဲ့ tik tok ဗီဒီယိုလေးတွေလည်း ဖော်ပြပေးတာတွေ့ရပါတယ်။ ယခုမှာဆိုရင်လည်း ခင်သဇင် က တော့ ပရိသတ်တွေချစ်အားပိုမယ့် tik tok ဗီဒီယိုလေးကိုတင်ပေးလာခဲ့ပါတယ်။

Photo Credit - Khin Thazin's fb account
Photo Credit - Khin Thazin's fb account

ဒီ ဗီဒီယိုလေးထဲမှာတော့ ခင်သဇင် က လူငယ်တွေကြားမှာ ခေတ်စားနေတဲ့ tik tok လေးတွေနဲ့ ရင်ခုန်စရာကောင်းလောက်အောင် ဆော့ကစားထားတာဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးလည်း မင်းသမီးချောလေး ခင်သဇင်ကို အရင်ကထက်ချစ်ပေးပါဦးနော်...။ ကဲ..ပရိသတ်ကြီးရေ မြင်သူတိုင်းချစ်အားပိုလောက်မယ့် ပုံစံလေးနဲ့ ဆော့ကစားထားတဲ့ ခင်သဇင် ရဲ့ tik tok ဗီဒီယိုလေးကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - Khin Thazin's fb account

Source -Khin Thazin's fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။