အနုပညာလောကမှာ အချိန်တွေအကြာကြီး ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို အခိုင်အမာရရှိနေသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သူမဟာ Sexy Model တစ်ယောက်အနေနဲ့ပါ အထာကျကျပုံရိပ်လေးတွေကို ရိုက်ကူးလေ့ ရှိသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ရပ်တည်ချက် ခိုင်ခိုင်မာမာနဲ့ ဝါသနာပါရာအနုပညာအလုပ်တွေကို လုပ်ကိုင်နေသူ တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေက အပြစ်မမြင်ဘဲ အချစ်တွေပိုနေရတာလည်း ဖြစ်ပါတယ်။
သင်ဇာဟာ Stay Home ကာလလေးမှာ ခန္ဓာကိုယ်ကျန်းမာ သန်စွမ်းရန်အတွက် လေ့ကျင့်ခန်းတွေကို အမြဲလိုလို လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ သူမရဲ့ ကိုယ်လုံးလေးကလည်း တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး ကျစ်လစ်သန်မာလာတာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း သင်ဇာရဲ့ Facebook Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားပြန်ပြီပဲ ဖြစ်ပါတယ်။
ဒါကတော့ တစ်ကိုယ်လုံးချွေးတွေစိုရွှဲနေတာတောင် အလှမပျက်သွားဘဲ ဆွဲဆောင်မှုရှိနေဆဲဖြစ်တဲ့သင်ဇာဝင့်ကျော်ရဲ့ Video လေးပဲ ဖြစ်ပါတယ်။ သူမရဲ့ Work Out ဖက်ရှင်လေးတွေဟာလည်း အမြင်ရိုးမသွားစေဘဲ အရမ်းကို စွဲမက်စရာကောင်းလွန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Thinzar Wint Kyaw’s Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။