မင်းသမီးချောလေး စန္ဒီမြင့်လွင်ကတော့ အဆိုတော်၊သရုပ်ဆောင်အဖြစ် အောင်မြင်စွာလျှောက်လှမ်းလာခဲ့သူ ဖြစ်ပါတယ် ။ ဇာတ်ကားတွေများစွာရိုက်ကူးခဲ့သလို တေးသီချင်းတွေလည်း ဖန်တီးခဲ့တဲ့ စန္ဒီမြင့်လွင်က သူမချစ်တဲ့အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ် ။ ဒါ့အပြင် စန္ဒီမြင့်လွင်က စိုးညီအစ်မတွေနဲ့အတူ မင်းသမီးပိုးထည်ဆိုင်လေးကိုလည်း ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page

အိမ်ထောင်ရေးနဲ့ပတ်သက်ရင်တော့ စန္ဒီမြင့်လွင်က ချစ်ခင်ပွန်းနဲ့ထိမ်းမြားလက်ထပ်ပြီး သမီးချောလေးတစ်ယောက်ကို ပိုင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ် ။ ခင်လင်းထင် ( ခေါ် ) Treasure လေးလို့ ချစ်စနိုးနဲ့ခေါ်ဝေါ်တဲ့ စန္ဒီမြင့်လွင်ရဲ့သမီးလေးက မေမေနဲ့တစ်ထေရာတည်းတူတဲ့ ကလေးလေး ဖြစ်ပါတယ် ။ Treasure လေးက ပါးဖောင်းဖောင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းတာကြောင့် မိသားစုဝင်တွေရော ပရိသတ်တွေပါ ဝိုင်းချစ်နေရတာ ဖြစ်ပါတယ် ။

Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page

အခုလည်း မေမေစန္ဒီမြင့်လွင်က အိမ်မှာနေရင်း သမီးလေးကိုပွေ့ချီပြီး အပီအပြင်စနောက်ကျီစယ်နေတာပဲ ဖြစ်ပါတယ် ။ Treasure လေးကတော့ နှုတ်ခမ်းထော်တာကအစ တစ်ပုံစံတည်းတူအောင် လိုက်လုပ်ပြနေတဲ့ မေမေ့ကိုကြည့်ပြီး  စိတ်အလိုမကျဖြစ်ကာ ငိုမဲ့မဲ့လေးဖြစ်နေတာပဲ ဖြစ်ပါတယ် ။ ကဲ အရမ်းကိုချစ်စရာကောင်းနေတဲ့ စန္ဒီမြင့်လွင်တို့သားအမိရဲ့ ကြည်နူးစရာဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Sandy Myint Lwin's IG Story

Photo Credit-Sandy Myint Lwin's IG Story

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။