ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသမီးချော ရွှေစင်ကတော့ သရုပ်ဆောင်ကောင်းတဲ့အပြင် ချစ်စရာလည်းကောင်းပြီး စကားပြောပွင့်လင်းတာတွေကြောင့် ပရိသတ်တွေက အချစ်ပိုနေကြသူလေးပဲ ဖြစ်ပါတယ်နော်..။

ဆွဲဆောင်မှုရှိပြီး အချိုးအစားပြေပြစ်တဲ့ ခန္ဓာကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ သူမကိုတော့ ပုရိသပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်နေကြတာ ဖြစ်ပါတယ်နော်..။

Photo Credit - Shwe Sin's Fb Account
Photo Credit - Shwe Sin's Fb Account

ရွှေစင်ကတော့ အခုလတ်တလော Covid ကာလ Stay Home အချိန်လေးမှာ ရန်ကုန်ကို ရောက်ရှိနေပြီး စိတ်ပူနေကြသူအတွက် ကျေးဇူးတင်စကားလေးနဲ့ အန္တရာယ်ကင်းကင်းရှိနေတဲ့အကြောင်းလေး ပြောပြလာပါတယ်နော်..။

ပရိသတ်တွေ အားလုံးလည်း ကျန်းမာရေးဂရုစိုက်ကြဖို့နဲ့ သူမကတော့ ရန်ကုန်မှာ ရောက်နေပေမယ့် အန္တရာယ်ကင်းစွာ ကျန်းမာရေးသတိရှိရှိနဲ့ နေထိုင်နေတဲ့အကြောင်းကို ရွှေစင်က ပြောပြလာတာ ဖြစ်ပါတယ်နော်..။

Photo Credit - Shwe Sin's Fb Account
Photo Credit - Shwe Sin's Fb Account

"ဇင်က ရန်ကန်မှာ အိမ်လေးအိမ်ရှိတာပေါ့နော် သင်္ကန်းကျွန်းမှာတစ်အိမ် သုဝဏ္ဏမှာ တစ်အိမ်၊ ဒဂုံမှတစ်အိမ် သန်လျင်မှာ တစ်အိမ်ပေါ့နော် အခုကတော့ သန်လျင်ကွန်ဒိုမှာ နေ နေပါတယ် သန်လျင်မှာက stay home မဖြစ်သေးပါဘူး.. ကျန်တဲ့ သုံးအိမ်ကတော့ Stay Home ဖြစ်သွားပါပြီ.. အခုတော့ သန်လျင်က အိမ်မှာ အန္တရာယ်ကင်းကင်း ဘေးကင်းရှင်းရှင်း ရှိနေပါတယ်.." ဆိုပြီး ရွှေစင်က ပြောပြထားတာပါ..။

ချစ်ရတဲ့ပရိသတ်တွေလည်း အပြင်သွားရင် Mask တပ်ဖို့နဲ့ လက်ဆေးကြဖို့လည်း ပြောပြထားပြီး ကျန်းမာရေးဂရုစိုက်ကြဖို့ပြောထားတဲ့ သူမရဲ့ ဗီဒီယိုဖိုင်လေးကို ဝေမျှလိုက်ပါတယ်နော်..။

Photo Credit - Shwe Sin's Fb Account
Photo Credit - Shwe Sin's Fb Account

Photo Credit - Shwe Sin's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။