ပရိသတ်ကြီးရေ.. ဆယ်စုနှစ်တွေကတည်းက ဂီတလမ်းကြောင်းမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားတဲ့ အနုပညာရှင်အဆိုတော်ကတော့ ဆောင်းဦးလှိုင်ပဲ ဖြစ်ပါတယ်နော်..။

လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြတဲ့ သီချင်းကောင်းလေးတွေကို ဖန်တီးမှုတွေကြောင့် သူ့ရဲ့သီချင်းလေးတွေဟာလည်း ပရိသတ်တွေကြား ယနေ့ချိန်ထိတိုင် အောင်မြင်ရေပန်းစားနေတာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Song Oo Hlaing's Fb Account
Photo Credit - Song Oo Hlaing's Fb Account

ဆောင်းဦးလှိုင်ကတော့ အောင်မြင်တဲ့ ဂီတပညာရှင်အဆိုတော်တစ်ဦးအဖြစ် ရပ်တည်နေသလို အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိတာလည်း တွေ့ရပါတယ်နော်..။

ဆောင်းဦးလှိုင်ဟာ အခုတစ်ခါမှာလည်း ဆွေမျိုးသားချင်းများနဲ့အတူ ဝေဘာဂီဆေးရုံအတွက် ဆလင်ဒါအိုး(၃)လုံးနဲ့ အောက်စီဂျင်ဓါတ်ငွေ့ဖြည့်ရန်အလှူငွေတွေ လှူဒါန်းခဲ့ပြန်ပါတယ်နော်..။

Photo Credit - Kyaw Thu's Fb Account
Photo Credit - Kyaw Thu's Fb Account

ပြီးခဲ့တဲ့ စက်တင်ဘာ(၂၂)ရက်နေ့က ဝေဘာဘီဆေးရုံအတွက် အလှူငွေ ၅၄၀,၀၀၀/- (ငါးသိန်းလေးသောင်းကျပ်တိတိ) ကို လှူဒါန်းကုသိုခ်ယူခဲ့ကြတာ ဖြစ်ပါတယ်နော်..။

သာဓုခေါ်စရာအလှူလေးကိုတော့ ဦးကျော်သူက သူ့ရဲ့fb စာမျက်နှာကနေ ပြန်လည်မျှဝေထားတာဖြစ်ပြီး ပရိသတ်တွေကလည်း သာဓုခေါ်ဆုတောင်းစကားလေးတွေ ပြောထားကြပါတယ်နော်..။

Photo Credit - Song Oo Hlaing's Fb Account

Source & Photo Credit - Kyaw Thu's Fb Account & Song Oo Hlaing's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။