ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေ အခိုင်မာရရှိထားပြီး ပရိသတိတွေရဲ့ တစ်ခဲနက်အားပေးမှုတွေကို သိမ်းပိုက်ထားသူလေးကတော့ မေလသံစဉ်ပဲ ဖြစ်ပါတယ်နော်..။

သူမရဲ့အသံချိုချိုလေးနဲ့ သီချင်းကောင်းလေးတွေကို ဖန်တီးသီဆိုတတ်တဲ့လမေလကတော့ ချစ်စရာလည်းကောင်းပြီး ပွင့်လင်းသူလေးလည်း ဖြစ်ပါတယ်နော်..။

Photo Credit - မေလသံစဉ် May Melody's Fb Page
Photo Credit - မေလသံစဉ် May Melody's Fb Page

အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိတဲ့ မေလကတော့ အခုတစ်ခါမှာလည်း live လွှင့်ပြီး ဈေးရောင်းလို့ရတဲ့ ငွေတွေနဲ့ရိုးမဆောင်မှာတိုက်ဝင်တာဝန်ထမ်းဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် လှူဒါန်းမှုများပြုလုပ်ခဲ့ပြန်ပါတယ်နော်..။

ကျန်းမာရေး သူရဲကောင်းစေတနာ့ဝန်ထမ်း(၇၅)ဦးအတွက် အားလုံးတူညီဝတ်ဆင်နိုင်ဖို့ မိုးကာဂျာကင်၊ စပို့ရှပ်နဲ့ ဘောင်းဘီ (၇၅)စုံ၊ Ra - Printing Service မှ Hand spray (၇၅)ဗူး တို့ကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်နော်..။

Photo Credit - မေလသံစဉ် May Melody's Fb Page
Photo Credit - မေလသံစဉ် May Melody's Fb Page

"Lily Shoes Page မှာ မေလLiveလွှင့် ဈေးရောင်းလို့

ရတဲ့ Influencer Fees (၁၂)သိန်း နဲ့

ရိုးမဆောင်မှာ တိုက်ပွဲဝင် တာဝန်ထမ်းဆောင်နေကြတဲ့ ကျန်းမာရေး သူရဲကောင်းစေတနာ့ဝန်ထမ်း(၇၅)ဦးအတွက် အားလုံးတူညီဝတ်ဆင်နိုင်ဖို့ မိုးကာဂျာကင်၊

စပို့ရှပ်နဲ့ ဘောင်းဘီ (၇၅)စုံ၊ Ra - Printing Service မှ Hand spray (၇၅)ဗူး လှူဒါန်းခဲ့ပါတယ်ရှင်.." ဆိုပြီး သူမက ပြောပြထားတာပါ..။

ချစ်စရာကောင်းသလို စိတ်ထားလေးလည်း ပြည့်ဝတဲ့ မေလရဲ့ အလှူလေးကိုလည်း ပရိသတ်တွေလည်း သဘောကျနေကြမှာမို့ ပြန်လည်မျှဝေပေးလိုက်ပါတာ်နော်..။

Photo Credit - မေလသံစဉ် May Melody's Fb Page
Photo Credit - မေလသံစဉ် May Melody's Fb Page

Source & Photo Credit - မေလသံစဉ် May Melody's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။