အကယ်ဒမီမင်းသမီးချော စိုးမြတ်နန္ဒာကတော့ လက်ရှိကာလမှာဆိုရင် ကိုဗစ်ကြောင့် မင်းသမီးပိုးထည်တိုက်မှာပဲ နေထိုင်နေကာ မိသားစုနဲ့တော့ Video Callလေးပဲပြောပြီး တွေ့နေတာဖြစ်ပါတယ်။မင်းသမီးပိုးထည်တိုက်မှာရှိတဲ့ ဝန်ထမ်းတွေကိုလည်း သူမကိုယ်တိုင်စောင့်ရှောက်ပြီး လိုအပ်တာလေးတွေကို လုပ်ဆောင်ပေးနေတာပါနော်။စိုးမြတ်နန္ဒာကတော့ ကိုဗစ်ကာလမှာ ဖြစ်ပျက်နေတဲ့ သူမတို့ရဲ့အဖြစ်အပျက်လေးတွေကို အောက်ပါအတိုင်း ရေးသားမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Soe Myat Nandar's Facebook Page/မင်းသမီး ပိုးထည်တိုက် FB page
Photo Credit:Soe Myat Nandar's Facebook Page

"Covid - 19 second wave ၊ stay home ကာလ အမှတ်တရ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ လူသားများအားလုံး ..အထူးသဖြင့် ကိုယ့်မြန်မာနိုင်ငံမှာရှိတဲ့ လူသားများ အားလုံး ...ကျန်းမာကြပါစေ .. ရောဂါဆိုးကြီးမှကင်းဝေးကြပါစေ..First Wave တုန်းကတော့ အိမ်ထဲမှာနေခဲ့ရပေမယ့် အခု Second Wave မှာ အလုပ်အတော်များသွားတာမို့ ဆိုင်မှာပဲ နေနေရပါတယ်..အဖေ အမေ နဲ့ ကလေးတွေရှိတော့ အိမ်နဲ့ဆိုင်နဲ့ နေ့တိုင်းမကူးချင်တာကြောင့် ဆိုင်မှာပဲ နေနေရတာ ၃ပတ်ပြည့်ပါပြီ..ဆိုင်မှာကလည်း နယ်ကလာတဲ့ စက်ချုပ်ကလေးတွေ တစ်ဝက်လောက်ရှိသေးတာရယ်မို့ ..သူတို့လည်း ပြန်မရ ..သူတို့ပဲ ထားခဲ့ရင်လည်း အပြင်ထွက်မှာ / စားတာသောက်တာအဆင်မပြေမှာ စိတ်မချတာမို့..ပြီးတော့ ဆိုင်မှာ ဒီကလေးတွေ Covid ကြောက်ပြီး ဖင်တုန်နေမှာစိုးတာကြောင့် ကလေးဗိုလ် ဖြစ်သွားရလေသတည်း ပေါ့လေ ..မန်နေဂျာ ဒေါ်မေဖြူ ကတော့ အဆစ်နေပေးလိုက်ရတာပေါ့ ..ဆိုင်က Online လည်ပတ်နေတော့ Delivery သမားတွေ လာရင်လည်းသေချာကြည့်ရ၊ဆေးဖြန်းရနဲ့..တစ်ခါတလေကိုယ့်ကိုယ်ကိုယ်ပဲ ရောဂါက ကူးပြီလား ..Facebook သတင်းတွေကလည်း တစ်ခါတလေ ဘယ်သူမှ မလွတ်တော့သလို ..တော်တော်လေး ကို ဒုက္ခပေးတဲ့ ကိုဗစ် ပါလေ ..တစ်ခါတလေ ကိုဗစ် ကိုလည်း အပြစ်မတင်ချင်တော့ပါဘူး .. ရောဂါကပ်ဆိုးကြီး ဖြစ်တဲ့အချိန် လူလာဖြစ်ရတဲ့ ကံကြမ္မာ ကိုပဲ သံဝေဂ ရမိပါရဲ့ ..

Photo Credit:Soe Myat Nandar's Facebook Page
Photo Credit:Soe Myat Nandar's Facebook Page

ညဘက် ဆိုင်ကကလေးတွေနဲ့ Zombie ကားကြည့်ရင်း Covid ကမှ တော်သေးတယ်အေ လို့ဖြေတွေးခိုင်းရတယ် ...ပြောမရဘူးလေနော် ...နောင်ဆို Zombie တွေရှိရင်တော့ သေပါပြီ. ပြေးမလွတ်ပါဘူး ခုရက်ပိုင်းဆိုင်မှာကလည်း နှာစေး ချောင်းဆိုး ကိုယ်ငွေ့ငွေ့ရှိကြတာနဲ့ .. သူတို့လည်း စိတ်တွေ ဂယောင်ခြောက်ခြားဖြစ် .. ကိုယ်လည်းဖြစ် ..ဒီကြားထဲ အနံ့မရတော့ပါဘူးဆိုပြီး အသံဗြဲကြီး နဲ့ အော်ငိုတဲ့ သူက ရှိသေး ..ကိုယ်တွေမှာ အလန့်တကြား အနံ့ပြင်းတာ မှန်သမျှရှူခိုင်း ..ဆေးတွေလဲ တိုက်ရ နဲ့ ..ခဏကြာတော့ အနံ့က ရလိုက် မရလိုက် ဖြစ်နေတာ ဆိုတော့ ကိုဗစ်က ဖြစ်လိုက် မဖြစ်လိုက် ဆိုတဲ့သဘောများလားနော့ .. နေ့တိုင်း .. အစ်မရေ သမီး ကိုယ်တွေလက်တွေကိုက်နေလို့ .. အစ်မ ရေ နှာခေါင်းက တအားပိတ်နေပြီတို့ .. အစ်မ ရေ သမီးမျက်နှာကြီး မီးဟပ်သလို ပူနေပြီ တို့ .. တနေ့တမျိုး မရိုးရပါဘူး ..အိမ်က လူကြီးတွေ နဲ့ ကလေးတွေ ဘာမှ မဖြစ်လို့ တော်ပါသေး ..သားမောင်ကတော့ သူ့အခန်းထဲကနေ ခြေတစ်လှမ်းမထွက်ဘဲ online school နဲ့ အဆင်ကိုပြေနေရော .. ဘစိုး ကတော့ ပွဲတစ်ခုသွားထားတာမို့ သူ့ဟာသူ အခန်းထဲ Q ဝင်နေလေရဲ့ ..ခုချိန်ခါ FaceTime လေးတွေ ရှိနေလို့ ကျေးဇူးတင်ရပါရဲ့ ... ( သူနဲ့ ပြောထားတုန်းကပုံလေးအမှတ်တရတင်လိုက်ပါတယ်နော် )

Photo Credit:Soe Myat Nandar's Facebook Page
Photo Credit:Soe Myat Nandar's Facebook Page

ပြောချင်တာကတော့လေ ...အားလုံးစိတ်ညစ်နေကြတဲ့အချိန်ဆိုတော့ ..“ စိတ်မညစ်ဖို့ စိတ်ဓာတ်မကျဖို့” ပဲ ပြောပါရစေနော် ...အိမ်ထဲမှာ အတတ်နိုင်ဆုံးနေပါ..မဖြစ်မနေထွက်ရရင်တော့ mask တပ်ပါ..လေ့ကျင့်ခန်းလေးလုပ်ပေးပါ..ဘုရားစာလေးလည်း ရွတ်ပေးပါ.. ဒါဒါကတော့ အဌာနမေတံ ဂါထာလေးရွတ်တယ်..စောစောအိပ်ပါ..Facebook က သတင်းတိုင်း မယုံပါနဲ့ ..ဒီအချိန်က လူတိုင်း စိတ်ဒုက္ခရောက်နေချိန်မို့ ကိုယ်တွေ ဆိုင်ထဲမှာ ဖြစ်ပျက်နေတဲ့ ရီစရာ/ ပျော်စရာအဖြစ်အပျက်လေးတွေကို မကြာခဏတင်ပေးမယ်နော် ..တော်ကြာ နင်တို့ကပျော်နေတယ် ဆိုပြီး မျက်စိ ဆံပင်‌မွေးဆူးမှာလဲ ကြောက်ရပါရဲ့ .. ဒီအချိန်ပျော်နေသူတော့ ဘယ်ရှိပါ့မလဲနော်? ဖြစ်လာတဲ့အခြေအနေမှာ ပျော်အောင်နေရတာပေါ့...စိတ်ဓာတ်ကျနေလို့လည်း မဖြစ်ဘူးလေ..ဒီအချိန် ဆိုင်မှာစိတ်ပြေလက်ပျောက် စျေးလေးရောင်းနေရတာကိုက ကုသိုလ် လို့ပဲမှတ်ပါတယ်လေ ... ပြီးတော့ အေးအေးဆေးဆေး ဘုရားရှိခိုးဖြစ်ပြီး ခုချိန် အဖြစ်ချင်ဆုံး ဆု တစ်ခုကိုပဲ တောင်းမိပါတယ် .. ကိုယ့် နိုင်ငံလေးကနေ ဒီ ရောဂါကပ်ဆိုးကြီး အမြန်ထွက်သွားပါတော့လို့ .....ပြောချင်တာလေး တောရောက်တောင်ရောက်ပြောလိုက်ရတော့ ရင်တော့ပေါ့သွားတာပေါ့ ...နောက်ရက်ကလေးတွေနဲ့ HotPot လုပ်စားမယ် စိတ်ကူးတာပဲ အဲ့ချိန်ကျ Live လွှင့်နိုင်အောင် ကြိုးစားပါ့မယ်.ဆိုင်က ကလေးတွေရဲ့ ကိုဗစ်ကြောက်ရုပ် လေးတွေကို ကွက်ကွက်ကွင်းကွင်း ပြပါ့မယ်ရှင့် .."ဆိုပြီး မျှဝေလာပါတယ်နော်။

Photo Credit:Soe Myat Nandar's Facebook Page
Photo Credit:Soe Myat Nandar's Facebook Page

Source&Photo Credit:Soe Myat Nandar's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။