ပရိသတ်ကြီးရေ တစ်ခေတ်တခါက နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ မင်းသားချော ရဝေအောင် ကတော့ ဗီဒီယိုဇာတ်ကားအတော်များစွာကို ပါဝင်သရုပ်ဆောင်ထားပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားတဲ့ သူပဲ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ရဝေအောင် က အနုပညာအလုပ်တွေကို အရင်ကထက်မလုပ်ကိုင်တော့ဘဲ ကိုယ်ပိုင်စီးပွားလုပ်ငန်းတွေကိုသာ လုပ်ကိုင်နေတာဖြစ်ပါတယ်။

Photo Credit - Yawai Aung's fb account
Photo Credit - Yawai Aung's fb account

ဒါ့အပြင် ရဝေအောင်က ယနေ့အချိန်ထိ ရှိရင်းစွဲအသက်ထက် ငယ်ရွယ်နုပျိုနေပြီး လူငယ်တစ်ယောက်လို ချောမောနေတုန်းပဲဖြစ်ပါတယ်။ စတင်ဘာလ ၂၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ပရိသတ်တွေရဲ့ အချစ်တော် ရဝေအောင်ရဲ့ မွေးနေ့ဖြစ်တာကြောင့် မွန်မြတ်တဲ့ အလှူလေးကို ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ လှူဒါန်းမှုကိုတော့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားရမှာလည်း " မွေ့နေ့မှာ ဆုတောင်းပေးကြသော ချစ်သော Fan များ..ချစ်သော မိဘဆွေမျိုး နှင့် ညီအစ်ကိုမောင်နှမများ.. ချစ်သော အနုပညာမောင်နှမများ....ချစ်သော သူငယ်ချင်း မိတ်ဆွေများ အားလုံးကို တစ်ဦးတစ်ယောက်ချင်းစီ ကျေးဇူးအထူးတင်ရှိပါတယ်....

Photo Credit - Yawai Aung's fb account
Photo Credit - Yawai Aung's fb account

မွေးနေ့မှာ Covid-19 ကာကွယ်-ကုသ-တိုက်ဖျက်ရေး အတွက် လိုအပ်သည့်နေရာများ လှုဒါန်းနိင်ရန်အတွက် We_Love_Yangon လူထု အခြေပြု ပရဟိတ အဖွဲ့ကြီးသို့ ငွေလှုဒါန်းခြင်း နှင့် Save The Aged ဘိုးဘွားရိပ်သာ သို့ ဘိုးဘွားများအတွက် ဆေးပဒေသာပင်လှုဒါန်း ခဲ့ပါတယ်....ဤကောင်းမှုအစုစုတို့ကြောင့် ကမ္ဘာသူ ကမ္ဘာသားအပေါင်း ဘေးအန္တရယ်ကင်းကြပါစေ...စီးပွားဥစ္စာများတိုးပွားကြပါစေ...

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်လည်း အမြန်ဆုံးကင်းဝေးကြပါစေ...သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ" ဆိုပြီး လှူဒါန်းပေးမှုနဲ့အတူ ဆုတောင်းစကားတွေကိုလည်း ရေးသားထားပါတယ်။ ပရိသတ်တွေလည်း မင်းသား ရဝေအောင်ရဲ့ မွေးနေ့လေးကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်...။

Photo Credit - Yawai Aung's fb account

Source - Yawai Aung's fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။