တစ်ခေတ်တစ်ခါက နှုတ်ခမ်းနီမလေးတွေ ကြားမှာ ရေပန်းစား နာမည်ကြီးခဲ့သူကတော့ သရုပ်ဆောင် မင်းသားချောလေး မောင်ပဲ ဖြစ်ပါတယ်။ သူဟာ မင်းသမီးချောလေး နန္ဒာလှိုင်ရဲ့ မောင်အငယ်ဆုံးဖြစ်ပြီး အစ်မဖြစ်သူနဲ့အတူ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်လောက်က ဗီဒီယိုဇာတ်ကားများတွင် အတူတကွ ပါဝင် သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေ မလုပ်တော့ဘဲ စီးပွားရေး လုပ်ငန်းတွေကိုသာ ဇောက်ချ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

Photo Crd- Sein Phyo Hlaing’s Facebook Account
Photo Crd- Sein Phyo Hlaing’s Facebook Account
Photo Crd- Sein Phyo Hlaing’s Facebook Account

မောင်ဟာ မကြာသေးခင် ရက်ပိုင်းလောက်က အစ်မဖြစ်သူ မနွေးနွေးလှိုင်ရဲ့ ကလေးတွေနဲ့အတူ Hotel Quarantine ဝင် ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ မနေ့ကတော့ Swab Test စစ်ဆေးခဲ့ရာမှာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့တာကြောင့် ယာယီဆေးရုံတွင် ဆေးကုသမှု ခံယူနေတာပဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Sein Phyo Hlaing’s Facebook Account
Photo Crd- Sein Phyo Hlaing’s Facebook Account
Photo Crd- Sein Phyo Hlaing’s Facebook Account

ဒါကတော့ Positive ဖြစ်သော်လည်းဘာရောဂါလက္ခဏာမှမခံစားရဘဲ ကျန်းမာစွာရှိနေကြောင်းသူ့ရဲ့လက်ရှိအခြေအနေကိုဝေမျှထားတဲ့ မောင်ရဲ့Video လေးပဲ ဖြစ်ပါတယ်။ ကျန်တဲ့ ကလေးနှစ်ယောက်က Negative ဖြစ်တာကြောင့် သူ့ရဲ့ ချစ်သူ ရီရီပွင့်ဖြူက ကလေးတွေနဲ့အတူ Hotel Quarantine ဆက်လက် ဝင်ရောက်နေတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် မောင်တစ်ယောက်လည်း ရောဂါဝေဒနာတွေ အမြန်ဆုံး ပျောက်ကင်းပါစေလို့ ဆုတောင်းရင်း ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Sein Phyo Hlaing’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။