ပရိသတ်ကြီးရေ မင်းသမီးချော ဖူးပွင့်သခင်ကတော့ သရုပ်ဆောင်နယ်ပယ်မှာ အကောင်းဆုံးကြိုးစားမှုတွေနဲ့ နေရာတစ်နေရာကိုရပ်တည်ထားနိုင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားတွေထဲမှာ များစွာပါဝင်သရုပ်ဆောင်ထားပြီး ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ကြော်ငြာလေးတွေအပြင် Photo Shooting လေးတွေကိုလည်း ရိုက်ကူးနေတာ တွေ့ရပါတယ်။

Photo Credit - Phoo Pwint Thakhin's fb page
Photo Credit - Phoo Pwint Thakhin's fb page

မင်းသမီးချောလေး ဖူးပွင့်သခင်က ခန္ဓာကိုယ်အချိုးစားပြေပြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေအပြင် ဖြူဖွေးနုဖက်နေတဲ့အသားအရေ လေးနဲ့ လှရက်လွန်းသူလေးပဲဖြစ်ပါတယ်။ လတ်တလော Stay at home ကာလလေးမှာလည်း အပျင်းအပြေ tik tok လေးတွေဆော့ကစားပြီး ပရိသတ်တွေကို အမြဲမျှဝေပေးပါတယ်။ ယခုမှာလည်း ဖူးပွင့်သခင်က ပရိသတ်တွေချစ်အားပိုလောက်မယ့် ချစ်စရာပုံလေးတွေအပြင် အသည်းယားစရာ tik tok ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Phoo Pwint Thakhin's fb page
Photo Credit - Phoo Pwint Thakhin's fb page

ဒီဗီဒီယိုလေးထဲမှာတော့ ဖူးပွင့်သခင်က အဖြူရောင်ဂါဝန်လေးကို ဝတ်ဆင်ပြီး ခွန်းဆင့်နေခြည် ရဲ့ သီချင်းလေးနဲ့ အပီအပြင် ကိုယ်လုံးလေးလှုပ်ခါပြီး ဆော့ကစားထားတာဖြစ်ပါတယ်။ ဒါ့အပြင် သူမဝတ်ဆင်ထားတဲ့ ဂါဝန်လေးကလည်း လိုက်ဖက်နေပြီး ဆော့ကစားထားတဲ့ tik tok လေးကလည်း အသည်းယားစရာကောင်းလောက်ပါတယ်နော်..။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ဆွဲဆောင်မှုရှိပြီး ချစ်ဖို့ကောင်းနေတဲ့ မင်းသမီးချောလေး ဖူးပွင့်သခင်ရဲ့ tik tok ဗီဒီယိုလေးကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Phoo Pwint Thakhin's fb page

Source & Video Credit- Phoo Pwint Thakhin's fb page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။