ပျော်ပျော်နေတတ်ပြီး လူချစ်လူခင်ပေါများနေတဲ့ ပရိသတ်အချစ်တော်လေးတွေထဲမှာတော့ မိတ်ကပ်လင်းလင်းကလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ် ။ လင်းလင်းက ဟာသဥာဏ်ရွှင်သလို ပရိသတ်တွေကိုပါ ရယ်မောပျော်ရွှင်ရအောင် အခွီဗီဒီယိုလေးတွေ ရိုက်ကူးပြီး တင်ဆက်ပေးလေ့ရှိတာ ဖြစ်ပါတယ် ။ လင်းလင်းဟာဆိုရင် မိတ်ကပ်ပညာရှင်အဖြစ်သာမက သရုပ်ဆောင်အဖြစ်ပါ အနုပညာအလုပ်တွေကို လုပ်ကိုင်နေရတာပဲ ဖြစ်ပါတယ် ။

Photo Credit- Lin Linn's FB Acc
Photo Credit- Lin Linn's FB Acc
Photo Credit- Lin Linn's FB Acc

လင်းလင်းက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို ကြော်ငြာလေးတွေလည်း လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ် ။ အထူးသဖြင့် လင်းလင်းက သူငယ်ချင်းဖြစ်သူ သုသုနဲ့ အရမ်းကိုအတွဲညီပြီး ဗီဒီယိုလေးတွေပါ အတူတူရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ် ။ အခုလည်း လင်းလင်းက ပရိသတ်တွေသဘောကျသွားစေမယ့်ပုံစံလေးနဲ့ Tik Tok ကစားပြထားတာ ဖြစ်ပါတယ် ။

Photo Credit- Amazing Grace
Photo Credit- Lin Linn's FB Acc
Photo Credit- Lin Linn's FB Acc

လင်းလင်းက Covid 19 ရောဂါကိုကြောက်လို့ အပြင်မထွက်ရတော့တဲ့အကြောင်းလေးကို နောက်ခံအသံလေးနဲ့ ကွက်တိဖြစ်အောင် သရုပ်ဆောင်ပြလိုက်တာပဲ ဖြစ်ပါတယ် ။ အခွီပုံစံလေးတွေလုပ်ပြထားတဲ့ လင်းလင်းရဲ့ဗီဒီယိုလေးကတော့ ကြည့်ရှုသူ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေနိုင်တာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မိတ်ကပ်လင်းလင်းရဲ့ Tik Tok ဟာသဗီဒီယိုလေးကို အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit- Lin Linn's Tik Tok Acc

Photo Credit- Lin Linn's Tik Tok Acc
@linlinn7

♬original sound - Zay Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။