ခေတ်တွေ တိုးတက်ပြောင်းလဲလာတာနဲ့ အညီ စမတ်ဖုန်းတွေမှာ Pro-grade camera တွေ ပါလာတာ ကတော့တကယ့်ကို ကောင်းတဲ့အချက်တစ်ခုပါပဲ။စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စတာတွေ အားလုံး ကို မှတ်တမ်းတင်ဖို့ပဲ ဖြစ်ဖြစ်၊ ကြော်ငြာ ရိုက်ကူးဖို့ပဲ ဖြစ်ဖြစ် ဓာတ်ပုံနဲ့ ဗီဒီယိုဆိုတာ လူတိုင်းနီးပါးအတွက် မရှိမဖြစ် ဆိုရင်လည်း မမှားပါဘူး။ ဒီလိုမှတ်တမ်းတင် ရိုက်ကူးဖို့အတွက် ကင်မရာ သပ်သပ်၊ ဖုန်းသပ်သပ် လည်းမလို တော့ပါဘူး။ ငွေကြေးအကုန်အကျ သက်သာစေတဲ့ အပြင် pro-grade camera လိုပြီးပြည့် စုံတဲ့ ကင်မရာမျိုးပါတဲ့ စမတ်ဖုန်းကိုသာ ကိုင်ဆောင်ထားမယ် ဆိုရင် သင့်ကို ပိုပြီးစမတ်ကျ စေမှာ အသေအချာပါပဲ။
Pro-grade Camera ရဲ့ လုပ်ဆောင်ချက်တွေကို သေသေချာချာ မသိသေးဘူးဆိုရင်တော့ ဒီစာကို မဖြစ်မနေ ဖတ်သင့်နေပါပြီ။ Pro grade Camera က အရည်သွေးပိုင်းမှာ အရမ်းကို သေးစိတ်ကျပြီး ကြည်လင်ပြတ်သားတဲ့ ရုပ်ပုံတွေနဲ့အတူ Pro grade Video Mode ကလည်း ISO,Shutter,Speed,Maunual Focus စတဲ့ ရွေးချယ်စရာ တွေ အပြည့်ပါလာတာပဲဖြစ်ပါတယ် ။ Pro-grade Camera က အံဩစရာ အနီးကပ်ရိုက်ချက်တွေကိုရိုက်ကူး နိုင်ပြီးတော့ အဝေးကနေလည်း အသံတွေကို audio zoom feature အသုံးပြုပြီးရိုက်ကူးနိုင်တာပဲဖြစ်ပါတယ်။ ရိုက်ကူးနေစဉ် အတွင်းမှာလည်း slow motion တွေ လုပ်လို့ရမယ့်အပြင် ဗီဒီယို ၊ကင်မရာ resolution ကလည်း အရည်အသွေးမြင့်တဲ resolution ကိုရရှိစေတာပဲ ဖြစ်ပါတယ်။ အသံတွေကို record လုပ်တဲ့အခါ mic အပိုတစ်ခု တပ်စရာမလိုအောင်ကို အသံကြည်လင်မှုကလည်း ကောင်းလွန်းလှပါတယ်။ ဓာတ်ပုံပိုင်းမှာဆိုရင်လည်း AI စနစ် အသုံးပြုထားပြီးတော့ Single Take စနစ် 5-15 စက္ကန့် အတွင်းမှာ ဓာတ်ပုံနဲ့ video 14 မျိုးကို ရိုက်ကူးနိုင် မှာဖြစ်ပါတယ်။Pro-grade camera ကိုသင်သာ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုတတ်မယ်ဆိုရင်တော့ သင်ကတစ် ကယ့်ကို professional camera man တစ်ဦးလို ဓာတ်ပုံ၊ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပြီပဲဖြစ်ပါတယ်။
အမြဲတမ်း ဆန်းသစ်တီထွင်မှုတွေနဲ့ အတူ အရည်အသွေးမြင့်တဲ့ ပစ္စည်းတွေကိုပဲ ထုတ်လေ့ရှိတဲ့SamSung ကလည်း Samsung Note 20 နဲ့ Note 20 Ultra မှာ အလန်းစာ pro-grade camera ကို ပါဝင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ အနီးကပ်ရိုက်ချက်တွေကို 24fps ဖြင့် ရိုက်ကူးနိုင်ပြီး 21:9 Aspect Ratio နဲ့ အဝေးကနေ အသံတွေကို Audio Zoom Feature အသုံးပြုပြီး Zoom ဆွဲရိုက်နိုင်မှာ ဖြစ်ပါတယ်။ အသံဖမ်းရာမှာလည်း ဘယ်၊ညာ(Left,Right) ဆိုပြီး သီးခြားစီ အသံဖမ်းနိုင်မှာပဲဖြစ်ပါတယ်။ အနောက်ကင်မရာ resolution ကလည်း 8 K အထိ ရရှိမှာဖြစ်ပြီး အရှေ့ကင်မရာ 4k,Selfie Camera 10MP နှင့် Selfie Portrait မှာဆိုရင်လည်း Single Take Feature ကို အခြေခံထားတာဖြစ်ပြီးတော့ Studio-like Protraits Background တွေကိုထည့်သွင်း အသုံးပြုနိုင် မှာဖြစ်ပါ တယ်။ Battery ကလည်း 4500 mAh နဲ့ မိနစ် ၃၀ အတွင်းမှာ ဘက်ထရီ ၅၀ ရာခိုင်နှုန်းကျော်အထိ ပြန်လည် အားဖြည့်ပေးနိုင်ပါတယ်။ Samsung Note 20နဲ့ Note 20 Ultra မှာ 180MP+12MP+12mp စတဲ့ ကင်မရာ ၃လုံးပါဝင်လာပြီး အရောင်တွေအနေနဲ့ကတော့ Samsung Note 20 မှာ ကြေးရောင်၊အစိမ်းရောင်၊ မီးခိုးရောင် နှင့် Samsung Note 20 Ultra မှာတော့ ကြေးရောင်၊ အနက်ရောင်၊အဖြူရောင် ဆိုပြီး အရောင် ၃ မျိုး ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။Samsung Note 20 နဲ့ Samsung Note 20 Ultra စမတ်ဖုန်းများအနေနဲ့ RAM 8GB+256GB Internal Storage ဗားရှင်းနဲ့ ရရှိမှာဖြစ်ပြီး စျေးနှုန်းကတော့Samsung Note 20 က ၁,၂၉၉,၀၀၀ ကျပ် နှင့်Samsung Note 20 Ultra ၁,၆၅၉,၀၀၀ ကျပ်ဖြင့်ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ ချက်ချင်းဝယ်ယူလို့ရသလို ပိုမိုသိရှိလိုပါကလည်း linkလေးထဲဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.samsung.com/mm/smartphones/galaxy-note20/buy/?cid=mm_pd_social_facebook_galaxy-n20_substain_kol-myanmar-load_article_text-20200923_upgraders
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။