အကယ်ဒမီမယ်လိုဒီကတော့ သားချောလေးတစ်ယောက်ကိုပိုင်ဆိုင်ထားတဲ့ မိခင်ဖြစ်ပါတယ်နော်။မယ်လိုဒီက အနုပညာအလုပ်တွေကိုလည်း ပြန်လည်လုပ်ဆောင်နေပြီး ကိုဗစ်မဖြစ်ခင်မှာ ခရီးတွေထွက်ကာရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးထားပါတယ်နော်။မယ်လိုဒီကတော့ ကလေးတစ်ယောက်အမေဖြစ်ပေမယ့်လည်း လေ့ကျင့်ခန်းကို အမြဲတမ်းလုပ်ဆောင်တာကြောင့် ကျန်းမာလှပနေတာပဲဖြစ်ပါတယ်။
မယ်လိုဒီကတော့ သူမအားတဲ့အချိန်တိုင်းမှာ သားလေးကိုအချိန်အပြည့်ပေးပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာဖြစ်ပါတယ်။သိဒ္ဓိစစ်လေးကလည်း (၆)နှစ်ကျော်အရွယ်လေးနဲ့တင် သိတတ်နားလည်နေပြီး မေမေ့ကိုလည်းစိတ်ချမ်းသာအောင်ထားပေးတဲ့ သားလိမ္မာလေးဖြစ်ပါတယ်။မယ်လိုဒီကတော့ သားချောလေးကြောင့် အမြဲစိတ်ချမ်းသာပြီး အေးချမ်းနေရတာဖြစ်ပါတယ်နော်။
မယ်လိုဒီက သားလေးကို အနီးကပ်ဂရုစိုက်ပေးပြီး သားလေးကြိုက်တတ်တာလေးတွေကိုလည်း ကိုယ်တိုင်ချက်ကျွေးပါတယ်နော်။အခုဆိုရင်လည်း မယ်လိုဒီက သိဒ္ဓိစစ်လေးကို ဘုရားစာသင်ပေးပြီး သားအမိနှစ်ယောက်အတူတူ ဘုရားရှိခိုးနေတာဖြစ်ပါတယ်။သိဒ္ဓိစစ်လေးကလည်း မေမေသင်ပေးတဲ့ဘုရားစာကို ပီပီသသနဲ့လိုက်ဆိုနေတဲ့ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Photo Credit: Melody Myo's Facebook Account
Source& Video Credit: Melody Myo's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။