Sport ဆိုတာ လူတိုင်းနဲ့မစိမ်းတဲ့ နယ်ပယ်တစ်ခုဖြစ်ပြီး ကိုယ်ကိုတိုင် အားကစားလိုက်စားရင်လဲ ကိုယ့်အတွက် အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံးနဲ့ လူကြိုက်အများဆုံး Sport ၁၀ ခုထဲက ၅ ခုကို ထပ်တင်ပေးလိုက်ပါတယ်။ ပထမ ၅ ခုကိုတော့ Part -1 မှာ တင်ပြီးပြီမို့ ခုတစ်ခါမှာတော့ ထိပ်တန်း ၅ ခုကိုဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ 

5.Tennis – 1 billion fans

Tennis အားကစားဟာဆိုရင်တော့ လူငယ်တော်တော်များများ ယနေ့တိုင် အပျင်းပြေကစားကြလေ့ရှိနေတုန်းဖြစ်ပြီး လူကြိုက်များနေတုန်းဖြစ်တဲ့ အားကစားတစ်ခုပါပဲ။ တင်းနစ်ကို အားပေးတဲ့ ပရိသတ်အရေအတွက်တော့ ဖော်ပြထားတဲ့အတိုင်း 1 Billion ကျော်ရှိပါတယ်။ အဓိက အားပေးကြတဲ့နေရာတွေကတော့ Europe, Americas နဲ့ Asia တို့ပဲဖြစ်ပါတယ်။

4.Hockey – 2.2 billion fans

Hockey ကိုတော့ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ဆော့ကစားခဲ့ကြတာဖြစ်ပြီး ယနေ့တိုင် အောင်မြင်ကျော်ကြားနေတဲ့ Sport တစ်ခုဖြစ်နေတုန်းပါပဲ။ Hockey မှာဆိုရင် ရေခဲပြင်ဟော်ကီနဲ့ ရိုးရိုးဟော်ကီဆိုပြီး နှစ်မျိုးရှိပါတယ်။ ရိုးရိုးဟော်ကီကတော့ Pakistan နဲ့ India တို့ရဲ့ National Game တစ်ခုဖြစ်ပြီး Ice Hockey ကတော့ Europe အထူးသဖြင့် Canada , USA , Latvia, Sweden စတဲ့ နေရာတွေမှာ ပိုပြီး Popular ဖြစ်ပါတယ်။ အဓိက လူအကြိုက်အများဆုံးနေရာတွေကတော့ Europe, Africa, Asia နဲ့ Australia တို့မှာပဲဖြစ်ပါတယ်။ 

3.Basketball – 2-3 billion fans

Basketball ဟာဆိုရင်တော့ ကမ္ဘာပေါ်မှာ အားပေးမှုနဲ့ လူကြည့်အများဆုံး အားကစားထဲမှာ နံပါတ်၃ နေရာချိတ်ပါတယ်။ ကစားတဲ့အခါ အသင်းနှစ်သင်းနဲ့ တစ်ဖက်စီမှာ Player 5 ယောက်ပါကာ ၁၀ပေမြင်တဲ့ ကွင်းထဲကို ဘောလုံးဝင်အောင်ပစ်သွင်းရပြီး အကွာအဝေးနဲ့အမှတ်ရပါတယ်။ ပစ်သွင်းရတဲ့ နေရာတောင် ၁၀ပေမြင့်ရင် Player တွေရဲ့ အရပ်ကို တွေးကြည့်ပါ။ အဓိက အားပေးကြတဲ့နေရာတွေကတော့ US, Canada, China, နဲ့ Philippines တို့ပဲဖြစ်ပါတယ်။ 

2.Cricket – 2-3 billion fans

Cricket နဲ့ပတ်သတ်တဲ့ ရုပ်ရှင်တော်တော်များများကို India ကရိုက်တဲ့ကားတွေမှာ တွေ့ရှိရတက်ပါတယ်။ သူတို့အနေနဲ့လဲ Cricket ကို တခြားသော Sport တွေထက် ပိုကြိုက်ကြပါတယ်။ ဘောလုံးကိုတောင်အဲ့လောက်ထိအားမပေးကြပါဘူး။ Cricket ကိုလဲ ကမ္ဘာပေါ်မှာ အားပေးသူ 2-3 Billion ထိရှိကာ အဓိက အားပေးကြတဲ့နေရာတွေကတော့ Asia, Australia နဲ့ UK တို့ပဲဖြစ်ကြပါတယ်။ 

1.Soccer / Association Football – 3.5 billion fans

ကမ္ဘာပေါ်မှာ အားပေးမှုအကြမ်းဆုံး အားကစားကတော့ အားလုံးသိကြတဲ့ ဘောလုံးပဲ ဖြစ်ပါတယ်။ ဘောလုံးတင်မဟုတ်ပဲ ဘောလုံးကစားသမားတွေပါ ကမ္ဘာပေါ်မှာ နာမည်ကြီးကြပါတယ်။ ဘောလုံးကစားကြတဲ့သူအရေအတွက်ဟာ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ကစားသူ သန်း၂၅၀ရှိပါတယ်။ အဓိက အားပေကြတဲ့ နေရာတွေကတော့ Europe, Africa, Asia နဲ့ America တို့မှာပဲဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် : Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။