ပရိသတ်ကြီးရေ အဆိုတော်မင်းသားချောလေး ဟိန်းမင်းသူ ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ နေရာတစ်​နေရာကို ရပ်တည်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဟိန်းမင်းသူ ဟာ နှုတ်ခမ်းနီမလေးတွေ ​တော်တော်များများ ကြွေလောက်တဲ့ အမိုက်စား Body ကို ပိုင်ဆိုင်ထားတဲ့ သူပဲဖြစ်ပါတယ်။ လက်ရှိ အနုပညာလှုပ်ရှာမှုတွေကတော့ ရုပ်သံဇာတ်လမ်းတွဲအပြင် ကြော်ငြာလေးတွေကို ဆက်တိုက်ရိုက်ကူးနေတာဖြစ်ပါတယ်။

Photo Credit - Hein Min Thu fb page
Photo Credit - Hein Min Thu fb page

လတ်တလော MRTV - 4 မှာထုတ်လွှင့်ပြသနေတဲ့ " တို့မမနဲ့.... တို့ " ဇာတ်လမ်းတွဲထဲမှာလည်း အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဟိန်းမင်းသူ က မကြာခဏဆိုသလို တတ်နိုင်သလောက် အလှူလေးတွေကိုလည်း အမြဲပြုလုပ်ပေးတာတွေ့ရပါတယ်။ ယခုမှာလည်း ပရိသတ်တွေ ကြည်နူးပီတိ ဖြစ်လောက်မယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Hein Min Thu fb page
Photo Credit - Hein Min Thu fb page

ဒီဗီဒီယိုလေးကတော့ ဟိန်းမင်းသူ က ကြက်သား ဆန်ပြုတ်နဲ့ လမ်းမှာ တစ်နေ့တာရဲ့အချိန်တွေကို ရုန်းကန်လှုပ်ရှားနေတဲ့သူတွေ အတွက် ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးနေတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီဗီဒီယိုလေးနဲ့လည်း ဟိန်းမင်းသူက "Covid ကာလမှာ ကျွန်တော်တတ်နိုင်တဲ့ဘက်က ဒီအပတ်လုပ်ဖြစ်တဲ့အလှူလေးပါ ပရိတ်သတ်ကြီးအားလုံးနှင့်အတူ မြန်မာနိုင်ငံကြီးကျန်းမာချမ်းသာပါစေဗျာ " ဆိုပြီး ရေးသားထားပါသေးတယ်။ ချစ်ပရိသတ်တွေလည်း မွန်မြတ်တဲ့ ကုသိုလ်လေးကို ပြုလုပ်ခဲ့တဲ့ ဟိန်းမင်းသူကို ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦးနော်..။

Video Credit - Hein Min Thu fb page

Source - Hein Min Thu fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။