သရုပ်ဆောင် မင်းသမီးချောလေး ပိုးအိအိခန့်ကတော့ မြန်မာ့လက်ရွေးစင် ဘောလုံးသမားအောင်သူနဲ့ ထိမ်းမြားလက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ် ။ အောင်သူနဲ့ ပိုးအိအိခန့်တို့စုံတွဲလေးဟာဆိုရင် တစ်ယောက်ကိုတစ်ယောက် စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေနဲ့အပြန်အလှန် ချစ်မြတ်နိုးကြတာလည်း ဖြစ်ပါတယ် ။ ဒါကြောင့်လည်း သူတို့စုံတွဲလေးက နေနဲ့လ ရွှေနဲ့မြလို အရမ်းကိုလိုက်ဖက်တင့်တယ်နေတာ ဖြစ်ပါတယ် ။

Photo Credit-Poe Ei Ei Khant's FB Acc
Photo Credit-Poe Ei Ei Khant's FB Acc & Amazing Grace
Photo Credit-Poe Ei Ei Khant's FB Acc

လက်ရှိမှာတော့ အောင်သူနဲ့ ပိုးအိအိခန့်တို့စုံတွဲလေးက ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ကိုပါ ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ် ။ ပိုးအိအိခန့်ကတော့ မိသားစုအပေါ်မှာတာဝန်ကျေပွန်ပြီး သူမကိုလည်း ဂရုတစိုက်ချစ်ပေးတဲ့ ခင်ပွန်းကောင်းကို ရရှိထားတာကြောင့် ပျော်ရွှင်နေရတာ ဖြစ်ပါတယ် ။ အခုလည်း ပိုးအိအိခန့်က သူမကိုကူညီပြီး ဝိတ်ချပေးခဲ့တဲ့ ချစ်ခင်ပွန်းအောင်သူနဲ့ အမှတ်တရဗီဒီယိုလေးကို မျှဝေထားတာ ဖြစ်ပါတယ် ။

Photo Credit-Poe Ei Ei Khant's FB Acc & Amazing Grace
Photo Credit-Poe Ei Ei Khant's FB Acc
Photo Credit-Poe Ei Ei Khant's FB Acc

ပိုးအိအိခန့်က "ကျွန်မကို ဝိတ်ချပေးခဲ့သော personal trainer ကြီးကို သတိရသော အားဖြင့် အမှတ်တရတင်လိုက်ပါတယ်ရှင် (၁၂၃) ပေါင်မှာ (၁၁၆) ပေါင်ဆီသို့ ....Video လေးက (၁၂၃) ပေါင်တုန်းကပါ နောက်မှဆက်လက်၍ (၁၀)ပေါင်လောက်ထပ်ချပါမည် ခုတော့ trainer မအားသေးတုန်း ထမင်းတွေစားပြီး ဝိတ်ထိန်းထားတယ် (၁၁၆) ပဲ " ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အောင်သူနဲ့ ပိုးအိအိခန့်တို့ဇနီးမောင်နှံရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Poe Ei Ei Khant's FB Page

Photo Credit-Poe Ei Ei Khant's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။